Welcome To My Blog
Welcome To My Blog
 

ထက် ရည် မွန် အိ ရဲ့ ကဗျာ နှင့် အိပ် မက် များ


Thursday, November 15, 2007

About Wide Horizons

Some of my friends asked me about my Wide Horizons school. It is in Thailand. Every year, Wide Horizons calls 24 students who are Burma ethnics who live around Thailand. Wide Horizons is stand for community. We all have to live together, eat together, cook together. We all love each other. We are learning
1) Management
2) Social study
3) Computer
4) Teaching skills

These are our main subjects. But we have a lot of extra subjects. Especially, we have a lot of homework. We can sleep after we finished our homework. Sometime, we want to sleep without finished homework, we have to wake up very early. We have 4 examanations for the whole year. We are suffering at these day. We finished 1 exam, we still have 3 exams. Our exam pass mark is 75 %.

Sunday, November 11, 2007

သစ္စာတရားများရဲ့ ကြိမ်စာ

ဖြစ်ချင်တာတွေ ဖြစ်မရနိုင်တဲ့ဘဝ
လောကရဲ့ ကြိမ်စာလား ငါ့ရဲ့ သစ္စာလား
လမ်းမှန်တစ်ခုလျှောက်နိုင်ဖို့ 
စတေးခဲ့ရတဲ့ အသင်္ချေမီးလျှံ
အမှန်တရားကို မြတ်နိုးဖို့ 
လိုအင်တွေ ဖယ်ရှားနိုင်ရမယ်………။
ဒီလမ်းမှာ အကွေ့ အကောက်တွေနဲ့ 
ဒါပေမဲ့ လမ်းမှန်တစ်ခုပေါ့။
ငါ့ရဲ့ ရည်မှန်းချက်
ခံစားချက်ဆိုတာဟာ တကယ်တော့ ပူလောင်တယ်။
ငါလျှောက်တဲ့လမ်းဟာ
ငါ့မိခင်ရဲ့ လမ်း…. ငါ့ဖခင်ရဲ့ လမ်း
ငါ့ကိုယ်ပိုင်လမ်းလည်း ဖြစ်တယ်။
အကြောက်တရားမှ ကင်းဝေးရာ
လောကသစ်တစ်ခုတည်ဆောက်ဖို့ 
ငါ့ပေးဆပ်မှုဟာ ငါဖြစ်ချင်တာအားလုံး
ငါ့ရလာဒ်ဟာ ငါဖြစ်သင့်တာ ငါလုပ်သင့်တာ
သစ္စာတရားများရဲ့ ကြိမ်စာ။
ရည်မွန်ထိပ်ထား

Tuesday, October 23, 2007

အလင်းတန်း

ကျမရဲ့ ရင်ထဲမှာ ပေါက်ကွဲထွက်တော့မှာမို့  ဒီကဗျာနဲ့ ပဲ ထွက်ပေါက်ပေးလိုက်ပါတယ်။ ကျမရင်ဆိုင်နေရတဲ့ ဖြစ်ရပ်လေးပါ။ ကျမ(ကျမတို့ )ဟာ ကျမတတ်နိုင်တဲ့နေရာကနေ
ကျမ အစွမ်းရှိသလောက် ကျမရဲ့  ပတ်ဝန်းကျင်အတွက် နေတစ်မင်း၊လတစ်စင်းမဟုတ်
ရင်တောင် ကြယ်တစ်ပွင့်တော့ ဖြစ်ရမယ်လို့  မျှော်လင့်ထားပါတယ်။ကျမတို့ မှာ မမှီဘူး
ဆိုတာ မရှိပါဘူး။ ကျမအမုန်းတီးဆုံး အရာဖြစ်တဲ့ တစ်ပါးသူနဲ့ နှိုင်းယှဉ်ပြောခြင်းကို ကျမ
တစ်ယောက်တည်းမဟုတ်ပဲ ကျမနဲ့ အတူခံလိုက်ရတဲ့ သူငယ်ချင်းတွေအတွက်ပါ ကျမ
ဒီကဗျာကို ရေးဖွဲ့ လိုက်တာပါ။ ကျမ တို့ ဟာ လောကကြီးရဲ့ လိုအပ်ချက်တိုင်းအတွက်
အလင်းတန်းတွေလိုပဲ စွမ်းတဲ့ဘက်က ထွန်းလင်းကြလျက်ပါပဲ ဆိုတာ ကျမတို့ တစ်ဖွဲ့ 
လုံးကို လူညံ့တွေပါ၊ လူပျင်းတွေပါလို့  ပြောတဲ့ cooperation မရှိဘူးလို့ ပြောပြော
နေတဲ့ မိတ်ဆွေကို သိစေချင်တာပါပဲ

နေရောင်ခြည်ရဲ့ အလင်းတန်း
လူသားတွေအတွက် ရှင်သန်မှု၊
လတစ်စင်းရဲ့ အလင်းတန်း
လူသားတွေအတွက် အေးချမ်းမှု၊
ကြယ်တစ်ပွင့်ရဲ့ အလင်းတန်း
လူသားတွေအတွက် လမ်းပြမှု၊
ကွဲပြားမှုတွေရဲ့ ကြား
တစ်မျိုးဆီ ထိန်လင်းလို့ 
ကမ္ဘာမြေကြီးရဲ့ တာဝန်ကို
တစ်ဖက်တစ်လမ်းက ထမ်းရင်း
သူတို့ တွေ တာဝန်ကျေတယ်။
မတူညီတဲ့ လူသားတွေကြား
အစွမ်းသတ္တိတွေ ခြားနားလို့ 
သူမတတ်ဘူး ငါတတ်တယ်လို့ ဟစ်ကြွေး
ပါးစပ်မရှက်တတ်ပေမဲ့
ကြားရသူတွေအဖို့  နားရှက်စရာပါ။
သူ့ မှာမရှိတဲ့အစွမ်းငါ ရှိလို့ 
ငါ့မှာမရှိတဲ့အစွမ်း သူ့ မှာရှိတယ်ဆိုတာ
မသိတာလား…. မသိချင်ယောင် ဆောင်တာလား။
စွမ်းရည်တွေ မတူညီပေမဲ့
အကျိုးပြုမှုခြင်းတော့ တူပါတယ်
အားလုံးဟာ လောကကြီးကို
အလှဆင်ကြတယ်။

ထက်ရည်မွန်အိ

Monday, October 22, 2007

ငြိမ်းချမ်းသော တွဲလက်များ

အခု ကျမ ဘာပို့ စ်တင်ရင်ကောင်းမလဲလို့ စဉ်းစားလိုက်မိတဲ့အချိန် ချစ်စွာသော သူငယ်ချင်းများကို သတိရရင်း ဒီကဗျာလေးကို ကွန်ပျူတာပေါ်မှာ တစ်ခါတည်း ရိုက်လိုက်မိတယ်။ ကျမဒီကဗျာကို သေသေချာချာ ပြန်မစစ်ထားဘဲ ကျမရင်ထဲကအတိုင်းလေးဘဲ ပို့ စ်တင်ထားတာပါ။ ရင်ထဲက လာတာကို တိုက်ရိုက်
ရေးချပြီး တစ်ခါတည်းပို့ စ်တင်လိုက်တာ ဖြစ်ပါတယ်။ ကျမတို့ သူငယ်ချင်း တွေဟာ
အနီးစပ်ဆုံးနဲ့ နားလည်မှုအရှိဆုံး၊အပျော်ရွှင်ဆုံးနဲ့ အငြိမ်းချမ်းဆုံး၊ မာန်မာန အကင်း
စင်ဆုံးနဲ့  ခွင့်လွှတ်မှု အပြည့်အရှိဆုံး ဖြစ်မယ် လို့ ကျမယုံကြည်ထားပါတယ်။ ကျမ
ရေးထားတဲ့ကဗျာက

ငြိမ်းချမ်းသောတွဲလက်များ

ညီညွတ်တဲ့လက်တွေ
တွဲယှက်လို့ ……
စုစည်းတဲ့ အင်အားတွေ
ပေါင်းစည်းလို….့ 
နားလည်မှုတွေနဲ့ 
ဖေးမကူရင်း……
ကြယ်တွေလတွေ
စုံလင်တဲ့ ကောင်းကင်ပြာ
မိုးကုတ်စက်ဝိုင်းတစ်နေရာမှာ
ဆုံတွေ့ ခဲ့ကြတယ်။
အမုန်းတရားတွေ
ဝေးလွင့်လို့ ……..
အေးချမ်းမှုတွေ
စုဝေးလို့ ….
ပျော်ရွှင်မှုတွေ
ဝေငှရင်း…….
တို့ တတွေ
ရည်ရွယ်ချက်တိုင်းအတွက်
အနာဂတ်ရဲ့ ပန်းခင်းအတွက်
ပန်းတိုင်ရောက်တဲ့အထိ
ဆက်လှမ်းနေကြတယ်။
တစ်နေ့ မှာ ဆုံတွေ့ ပြီး
တစ်ချိန်မှာခွဲကြရပေမဲ့
မပြောင်းလဲနိုင်တဲ့ တို့ အတိတ်တွေ
မကုန်ခန်းနိုင်တဲ့ တို့ ရဲ့ စကားတွေ
မခန်းခြောက်နိုင်တဲ့ တို့ ရဲ့ သံယောဇဉ်တွေ
အနေနီးနီး….အနေဝေးဝေး
တစ်ယောက်တစ်ယောက် ကူညီလို့ 
အားအင်သစ်တွေ မွေးဖွားရင်း
ရှေ့ ဆက်ကြစို့  သူငယ်ချင်းတို့ ရေ…….။
(၂၀၀၇-၂၀၀၈ Wide Horizons ကျောင်းသားများ သို့ မဟုတ် ချစ်သောသူငယ်ချင်းများအတွက်)
ထက်ရည်မွန်အိ

WH's favorite song chorus

ကျမ သီချင်းတစ်ပုဒ်ရဲ့  chorus ကလေးတစ်ခု တင်ပေးချင်ပါတယ်။

Hand in hand we stand
All across the land, we can make this world
a better place in which to live…
Hand in hand we can
Start to understand, breaking down the world that come
Between us for all time………………….Arriam
(That is our WH students’ favorite song)

Htet Yee Mon Eai

Friday, October 19, 2007

ညရင်ခုန်သံ

ဘာရယ်မသိ အတွေးလွန်နေရင်
မင်းက တိုးညှင်းတဲ့အသံနဲ့ 
ငါ့ကို ခြောက်ခြားစေတယ်။
တစ်ခါတစ်လေ အိပ်မပျော်တဲ့အခါ
မင်းက ပုံပြင်တွေ ပြောနေသလို
သီချင်းတွေ ဆိုပြနေသလို
ငါ့ဆီကို ရောက်ရောက်လာတယ်။။
ဂယောင်ခြောက်ခြား
လန့် နိုးမိရင်လည်း
မင်းက ငါ့ကို ပြောင်ချော်ချော်နဲ့ 
စနောက်နေတတ်တယ်။
တကယ်တော့
မင်းဟာ ငါ့အတွက် မရှိမဖြစ်ဆိုလည်း
မမှားဘူးလေ။
ညရယ်….
မင်းနှိပ်စက်ပုံက
သာယာလွန်းတယ်………။

ထက်ရည်မွန်အိ

Thursday, October 18, 2007

ကျမနှင့် ပတ်သက်သမျှ

ကျမဘာပို့ စ်တင်ရင်ကောင်းမလဲလို့ စဉ်းစားလိုက်တော့ ဟိုတစ်ရက်က မိတ်ဆွေတစ်ယောက်မေးတဲ့ စကားကို မှတ်မိလိုက်ပါတယ်။ ကျမကို မေးတယ်.. ခပ်စွာစွာကောင်မလေး လားတဲ့။ ကျမ ဘာပြန်ပြောရမှန်းမသိဘူး။ ကျမပြောလိုက်တာကတော့
မဟုတ်ပါဘူး လို့ ပါပဲ။ တကယ်တော့ ကျမ နည်းနည်းတော့ စွာပါတယ်။ ကျမ နိုင်တဲ့ သူတွေနဲ့ 
ဆိုရင် ကျမစွာတယ်။ ကျမကိုချစ်တဲ့ ကျမ မိသားစုထဲမှာဆိုရင်လည်း စွာတယ်။ ဒါပေမဲ့ အပြင်
မှာတော့ မစွာပါဘူး။ အကြောင်းက ကျမ စွာမိလို့  ပြသနာဖြစ်မှာ စိုးတာပါ။ ကျမ ဘ၀မှာ
တစ်ခါမှ ကျမ ခပ်စွာစွာပြန်ပြောလို့  ပြသနာ ဖြစ်ရတယ်ဆိုတာ မရှိဘူး လို့ ပြောလို့ ရပါတယ်။
ကျမကို သူငယ်ချင်းတွေက အရမ်းစတယ်။ နည်းလမ်းစုံနဲ့ စတယ်။ ဒါက ကျမ ကံကောင်း
တာလား ကံဆိုးတာလားတော့ ကျမ မသိဘူးလေ…။ ဒါပေမဲ့ စိတ်ဆိုးတယ်ဆိုတာတော့
ရှိတယ်။ ကျမ အရမ်းကို စိတ်ဆိုးတယ်။ သူငယ်ချင်းတွေက ကျမရဲ့  စကား အမှားတစ်ခွန်း
ပါရင်လည်း အဲဒီ့အမှားကို ကောက်ပြီး စတတ်ကြတယ်။ ကျမ စကားပြောတဲ့ ပုံစံကိုလည်း
စတယ်။ ကျမ စကားပြောရင် ပါးစပ်တင်မကဘူး။ မျက်ခုံးကပါ လိုက်ပြီး ပြောတတ်တယ်
လေ။ ဖုန်းပြောရင်တောင် ကျမ မျက်ခုံးက အငြိမ် မနေနိုင်ဘူး။ ဘာဖြစ်လို့ လဲ ကျမ မသိဘူး။
ကြိုးစားပြင်တယ် မရဘူးလေ။ ဒီတော့ သူငယ်ချင်းတွေရဲ့  စနောက် စရာ တစ်ခုဖြစ်နေတာ
ပေါ့။ ကျမ စိတ်ဆိုးတာပေါ့။ ဒါပေမဲ့ ကျမ သည်းခံဖြစ်တယ်။ ကိုယ့်အမှားကြောင့် ပြသနာ
ဖြစ်မှာ စိတ်ဆိုး စိတ်ကောက် ကြရမှာကို မလိုချင်တာပါ။ တစ်ခါတစ်လေ စနောက်တာ
မကတော့ဘူး။ အရမ်းကို ဆိုးရွားလာတယ်။ ကျမ နားမထောင်ချင်တော့ရင် အခြားတစ်ဖက်
ကို ထွက်သွားတယ်။ ကျမတို့ က သူငယ်ချင်းတွေပေမဲ့ ကျမအမြင်မှာတော့ အနီးစပ်ဆုံး မောင်နှမတွေ ပဲ။ မောင်နှမတွေ အချင်းချင်းရန်ဖြစ်နေလို့  ဘယ်ဖြစ်ပါ့မလဲနော်။ အရာရာကို
တစ်ခါတစ်လေ နားလည်ပေးပြီး တစ်ခါတစ်လေ ဥပေကQာ ပြုတာဟာ အကောင်းဆုံး
ဖြစ်မယ်လို့  ကျမ ထင်တယ်လေ..။ ဒီတော့ ကျမက ခပ်စွာစွာလား မစွာဘူးလား ခန့် မှန်း
ကြည့်ပေါ့နော်…။(တစ်ခါတစ်လေ အဲဒီ့စတဲ့ သူငယ်ချင်းကိုတော့ ပြန်စတတ်တယ်)

ချစ်ခင်လေးစားစွာဖြင့်
ထက်ရည်မွန်အိ