ရုန်းထခြင်းသစ်ပင်
- မာယာသစ်တောထဲမှာ ပိတ်မိနေတဲ့
ရိုးအတဲ့ နွယ်မြက်သစ်ပင်တွေ
အနေနီးလို့  အသွင်ပြောင်းတော့
မြက်ပင်တွေလည်း လည်ဝယ်လာပြီ….။
- စိတ်ဓာတ်တွေပြောင်းလာတော့
အလှတရားတွေတောင်
အမှောင်ထုထဲမှာ ရောင်နီတွေနဲ့ အတူ
ပျောက်ဆုံးလာတယ်။။
- ဦးနှောက်နဲ့  ပြန်သုံးသပ်ဖို့ 
နွယ်မြက်တွေမှာ ဦးနှောက်မရှိဘူး
ဒီလိုဆိုရင်……..
ဦးနှောက်ရှိတဲ့ လူသားတွေ
မျက်စိထဲမြင်တာကို အမှန်တွေး
တွေးမိတာကို အမှန်လုပ်
ဒီလိုဆို……
ရုန်းထနိုင်တဲ့သစ်တစ်ပင်
မလွဲမသွေဖြစ်လာပြီပေါ့……..။
ရည်မွန်
No comments:
Post a Comment