Welcome To My Blog
Welcome To My Blog
 

ထက် ရည် မွန် အိ ရဲ့ ကဗျာ နှင့် အိပ် မက် များ


Thursday, November 15, 2007

About Wide Horizons

Some of my friends asked me about my Wide Horizons school. It is in Thailand. Every year, Wide Horizons calls 24 students who are Burma ethnics who live around Thailand. Wide Horizons is stand for community. We all have to live together, eat together, cook together. We all love each other. We are learning
1) Management
2) Social study
3) Computer
4) Teaching skills

These are our main subjects. But we have a lot of extra subjects. Especially, we have a lot of homework. We can sleep after we finished our homework. Sometime, we want to sleep without finished homework, we have to wake up very early. We have 4 examanations for the whole year. We are suffering at these day. We finished 1 exam, we still have 3 exams. Our exam pass mark is 75 %.

Sunday, November 11, 2007

သစ္စာတရားများရဲ့ ကြိမ်စာ

ဖြစ်ချင်တာတွေ ဖြစ်မရနိုင်တဲ့ဘဝ
လောကရဲ့ ကြိမ်စာလား ငါ့ရဲ့ သစ္စာလား
လမ်းမှန်တစ်ခုလျှောက်နိုင်ဖို့ 
စတေးခဲ့ရတဲ့ အသင်္ချေမီးလျှံ
အမှန်တရားကို မြတ်နိုးဖို့ 
လိုအင်တွေ ဖယ်ရှားနိုင်ရမယ်………။
ဒီလမ်းမှာ အကွေ့ အကောက်တွေနဲ့ 
ဒါပေမဲ့ လမ်းမှန်တစ်ခုပေါ့။
ငါ့ရဲ့ ရည်မှန်းချက်
ခံစားချက်ဆိုတာဟာ တကယ်တော့ ပူလောင်တယ်။
ငါလျှောက်တဲ့လမ်းဟာ
ငါ့မိခင်ရဲ့ လမ်း…. ငါ့ဖခင်ရဲ့ လမ်း
ငါ့ကိုယ်ပိုင်လမ်းလည်း ဖြစ်တယ်။
အကြောက်တရားမှ ကင်းဝေးရာ
လောကသစ်တစ်ခုတည်ဆောက်ဖို့ 
ငါ့ပေးဆပ်မှုဟာ ငါဖြစ်ချင်တာအားလုံး
ငါ့ရလာဒ်ဟာ ငါဖြစ်သင့်တာ ငါလုပ်သင့်တာ
သစ္စာတရားများရဲ့ ကြိမ်စာ။
ရည်မွန်ထိပ်ထား

Tuesday, October 23, 2007

အလင်းတန်း

ကျမရဲ့ ရင်ထဲမှာ ပေါက်ကွဲထွက်တော့မှာမို့  ဒီကဗျာနဲ့ ပဲ ထွက်ပေါက်ပေးလိုက်ပါတယ်။ ကျမရင်ဆိုင်နေရတဲ့ ဖြစ်ရပ်လေးပါ။ ကျမ(ကျမတို့ )ဟာ ကျမတတ်နိုင်တဲ့နေရာကနေ
ကျမ အစွမ်းရှိသလောက် ကျမရဲ့  ပတ်ဝန်းကျင်အတွက် နေတစ်မင်း၊လတစ်စင်းမဟုတ်
ရင်တောင် ကြယ်တစ်ပွင့်တော့ ဖြစ်ရမယ်လို့  မျှော်လင့်ထားပါတယ်။ကျမတို့ မှာ မမှီဘူး
ဆိုတာ မရှိပါဘူး။ ကျမအမုန်းတီးဆုံး အရာဖြစ်တဲ့ တစ်ပါးသူနဲ့ နှိုင်းယှဉ်ပြောခြင်းကို ကျမ
တစ်ယောက်တည်းမဟုတ်ပဲ ကျမနဲ့ အတူခံလိုက်ရတဲ့ သူငယ်ချင်းတွေအတွက်ပါ ကျမ
ဒီကဗျာကို ရေးဖွဲ့ လိုက်တာပါ။ ကျမ တို့ ဟာ လောကကြီးရဲ့ လိုအပ်ချက်တိုင်းအတွက်
အလင်းတန်းတွေလိုပဲ စွမ်းတဲ့ဘက်က ထွန်းလင်းကြလျက်ပါပဲ ဆိုတာ ကျမတို့ တစ်ဖွဲ့ 
လုံးကို လူညံ့တွေပါ၊ လူပျင်းတွေပါလို့  ပြောတဲ့ cooperation မရှိဘူးလို့ ပြောပြော
နေတဲ့ မိတ်ဆွေကို သိစေချင်တာပါပဲ

နေရောင်ခြည်ရဲ့ အလင်းတန်း
လူသားတွေအတွက် ရှင်သန်မှု၊
လတစ်စင်းရဲ့ အလင်းတန်း
လူသားတွေအတွက် အေးချမ်းမှု၊
ကြယ်တစ်ပွင့်ရဲ့ အလင်းတန်း
လူသားတွေအတွက် လမ်းပြမှု၊
ကွဲပြားမှုတွေရဲ့ ကြား
တစ်မျိုးဆီ ထိန်လင်းလို့ 
ကမ္ဘာမြေကြီးရဲ့ တာဝန်ကို
တစ်ဖက်တစ်လမ်းက ထမ်းရင်း
သူတို့ တွေ တာဝန်ကျေတယ်။
မတူညီတဲ့ လူသားတွေကြား
အစွမ်းသတ္တိတွေ ခြားနားလို့ 
သူမတတ်ဘူး ငါတတ်တယ်လို့ ဟစ်ကြွေး
ပါးစပ်မရှက်တတ်ပေမဲ့
ကြားရသူတွေအဖို့  နားရှက်စရာပါ။
သူ့ မှာမရှိတဲ့အစွမ်းငါ ရှိလို့ 
ငါ့မှာမရှိတဲ့အစွမ်း သူ့ မှာရှိတယ်ဆိုတာ
မသိတာလား…. မသိချင်ယောင် ဆောင်တာလား။
စွမ်းရည်တွေ မတူညီပေမဲ့
အကျိုးပြုမှုခြင်းတော့ တူပါတယ်
အားလုံးဟာ လောကကြီးကို
အလှဆင်ကြတယ်။

ထက်ရည်မွန်အိ

Monday, October 22, 2007

ငြိမ်းချမ်းသော တွဲလက်များ

အခု ကျမ ဘာပို့ စ်တင်ရင်ကောင်းမလဲလို့ စဉ်းစားလိုက်မိတဲ့အချိန် ချစ်စွာသော သူငယ်ချင်းများကို သတိရရင်း ဒီကဗျာလေးကို ကွန်ပျူတာပေါ်မှာ တစ်ခါတည်း ရိုက်လိုက်မိတယ်။ ကျမဒီကဗျာကို သေသေချာချာ ပြန်မစစ်ထားဘဲ ကျမရင်ထဲကအတိုင်းလေးဘဲ ပို့ စ်တင်ထားတာပါ။ ရင်ထဲက လာတာကို တိုက်ရိုက်
ရေးချပြီး တစ်ခါတည်းပို့ စ်တင်လိုက်တာ ဖြစ်ပါတယ်။ ကျမတို့ သူငယ်ချင်း တွေဟာ
အနီးစပ်ဆုံးနဲ့ နားလည်မှုအရှိဆုံး၊အပျော်ရွှင်ဆုံးနဲ့ အငြိမ်းချမ်းဆုံး၊ မာန်မာန အကင်း
စင်ဆုံးနဲ့  ခွင့်လွှတ်မှု အပြည့်အရှိဆုံး ဖြစ်မယ် လို့ ကျမယုံကြည်ထားပါတယ်။ ကျမ
ရေးထားတဲ့ကဗျာက

ငြိမ်းချမ်းသောတွဲလက်များ

ညီညွတ်တဲ့လက်တွေ
တွဲယှက်လို့ ……
စုစည်းတဲ့ အင်အားတွေ
ပေါင်းစည်းလို….့ 
နားလည်မှုတွေနဲ့ 
ဖေးမကူရင်း……
ကြယ်တွေလတွေ
စုံလင်တဲ့ ကောင်းကင်ပြာ
မိုးကုတ်စက်ဝိုင်းတစ်နေရာမှာ
ဆုံတွေ့ ခဲ့ကြတယ်။
အမုန်းတရားတွေ
ဝေးလွင့်လို့ ……..
အေးချမ်းမှုတွေ
စုဝေးလို့ ….
ပျော်ရွှင်မှုတွေ
ဝေငှရင်း…….
တို့ တတွေ
ရည်ရွယ်ချက်တိုင်းအတွက်
အနာဂတ်ရဲ့ ပန်းခင်းအတွက်
ပန်းတိုင်ရောက်တဲ့အထိ
ဆက်လှမ်းနေကြတယ်။
တစ်နေ့ မှာ ဆုံတွေ့ ပြီး
တစ်ချိန်မှာခွဲကြရပေမဲ့
မပြောင်းလဲနိုင်တဲ့ တို့ အတိတ်တွေ
မကုန်ခန်းနိုင်တဲ့ တို့ ရဲ့ စကားတွေ
မခန်းခြောက်နိုင်တဲ့ တို့ ရဲ့ သံယောဇဉ်တွေ
အနေနီးနီး….အနေဝေးဝေး
တစ်ယောက်တစ်ယောက် ကူညီလို့ 
အားအင်သစ်တွေ မွေးဖွားရင်း
ရှေ့ ဆက်ကြစို့  သူငယ်ချင်းတို့ ရေ…….။
(၂၀၀၇-၂၀၀၈ Wide Horizons ကျောင်းသားများ သို့ မဟုတ် ချစ်သောသူငယ်ချင်းများအတွက်)
ထက်ရည်မွန်အိ

WH's favorite song chorus

ကျမ သီချင်းတစ်ပုဒ်ရဲ့  chorus ကလေးတစ်ခု တင်ပေးချင်ပါတယ်။

Hand in hand we stand
All across the land, we can make this world
a better place in which to live…
Hand in hand we can
Start to understand, breaking down the world that come
Between us for all time………………….Arriam
(That is our WH students’ favorite song)

Htet Yee Mon Eai

Friday, October 19, 2007

ညရင်ခုန်သံ

ဘာရယ်မသိ အတွေးလွန်နေရင်
မင်းက တိုးညှင်းတဲ့အသံနဲ့ 
ငါ့ကို ခြောက်ခြားစေတယ်။
တစ်ခါတစ်လေ အိပ်မပျော်တဲ့အခါ
မင်းက ပုံပြင်တွေ ပြောနေသလို
သီချင်းတွေ ဆိုပြနေသလို
ငါ့ဆီကို ရောက်ရောက်လာတယ်။။
ဂယောင်ခြောက်ခြား
လန့် နိုးမိရင်လည်း
မင်းက ငါ့ကို ပြောင်ချော်ချော်နဲ့ 
စနောက်နေတတ်တယ်။
တကယ်တော့
မင်းဟာ ငါ့အတွက် မရှိမဖြစ်ဆိုလည်း
မမှားဘူးလေ။
ညရယ်….
မင်းနှိပ်စက်ပုံက
သာယာလွန်းတယ်………။

ထက်ရည်မွန်အိ

Thursday, October 18, 2007

ကျမနှင့် ပတ်သက်သမျှ

ကျမဘာပို့ စ်တင်ရင်ကောင်းမလဲလို့ စဉ်းစားလိုက်တော့ ဟိုတစ်ရက်က မိတ်ဆွေတစ်ယောက်မေးတဲ့ စကားကို မှတ်မိလိုက်ပါတယ်။ ကျမကို မေးတယ်.. ခပ်စွာစွာကောင်မလေး လားတဲ့။ ကျမ ဘာပြန်ပြောရမှန်းမသိဘူး။ ကျမပြောလိုက်တာကတော့
မဟုတ်ပါဘူး လို့ ပါပဲ။ တကယ်တော့ ကျမ နည်းနည်းတော့ စွာပါတယ်။ ကျမ နိုင်တဲ့ သူတွေနဲ့ 
ဆိုရင် ကျမစွာတယ်။ ကျမကိုချစ်တဲ့ ကျမ မိသားစုထဲမှာဆိုရင်လည်း စွာတယ်။ ဒါပေမဲ့ အပြင်
မှာတော့ မစွာပါဘူး။ အကြောင်းက ကျမ စွာမိလို့  ပြသနာဖြစ်မှာ စိုးတာပါ။ ကျမ ဘ၀မှာ
တစ်ခါမှ ကျမ ခပ်စွာစွာပြန်ပြောလို့  ပြသနာ ဖြစ်ရတယ်ဆိုတာ မရှိဘူး လို့ ပြောလို့ ရပါတယ်။
ကျမကို သူငယ်ချင်းတွေက အရမ်းစတယ်။ နည်းလမ်းစုံနဲ့ စတယ်။ ဒါက ကျမ ကံကောင်း
တာလား ကံဆိုးတာလားတော့ ကျမ မသိဘူးလေ…။ ဒါပေမဲ့ စိတ်ဆိုးတယ်ဆိုတာတော့
ရှိတယ်။ ကျမ အရမ်းကို စိတ်ဆိုးတယ်။ သူငယ်ချင်းတွေက ကျမရဲ့  စကား အမှားတစ်ခွန်း
ပါရင်လည်း အဲဒီ့အမှားကို ကောက်ပြီး စတတ်ကြတယ်။ ကျမ စကားပြောတဲ့ ပုံစံကိုလည်း
စတယ်။ ကျမ စကားပြောရင် ပါးစပ်တင်မကဘူး။ မျက်ခုံးကပါ လိုက်ပြီး ပြောတတ်တယ်
လေ။ ဖုန်းပြောရင်တောင် ကျမ မျက်ခုံးက အငြိမ် မနေနိုင်ဘူး။ ဘာဖြစ်လို့ လဲ ကျမ မသိဘူး။
ကြိုးစားပြင်တယ် မရဘူးလေ။ ဒီတော့ သူငယ်ချင်းတွေရဲ့  စနောက် စရာ တစ်ခုဖြစ်နေတာ
ပေါ့။ ကျမ စိတ်ဆိုးတာပေါ့။ ဒါပေမဲ့ ကျမ သည်းခံဖြစ်တယ်။ ကိုယ့်အမှားကြောင့် ပြသနာ
ဖြစ်မှာ စိတ်ဆိုး စိတ်ကောက် ကြရမှာကို မလိုချင်တာပါ။ တစ်ခါတစ်လေ စနောက်တာ
မကတော့ဘူး။ အရမ်းကို ဆိုးရွားလာတယ်။ ကျမ နားမထောင်ချင်တော့ရင် အခြားတစ်ဖက်
ကို ထွက်သွားတယ်။ ကျမတို့ က သူငယ်ချင်းတွေပေမဲ့ ကျမအမြင်မှာတော့ အနီးစပ်ဆုံး မောင်နှမတွေ ပဲ။ မောင်နှမတွေ အချင်းချင်းရန်ဖြစ်နေလို့  ဘယ်ဖြစ်ပါ့မလဲနော်။ အရာရာကို
တစ်ခါတစ်လေ နားလည်ပေးပြီး တစ်ခါတစ်လေ ဥပေကQာ ပြုတာဟာ အကောင်းဆုံး
ဖြစ်မယ်လို့  ကျမ ထင်တယ်လေ..။ ဒီတော့ ကျမက ခပ်စွာစွာလား မစွာဘူးလား ခန့် မှန်း
ကြည့်ပေါ့နော်…။(တစ်ခါတစ်လေ အဲဒီ့စတဲ့ သူငယ်ချင်းကိုတော့ ပြန်စတတ်တယ်)

ချစ်ခင်လေးစားစွာဖြင့်
ထက်ရည်မွန်အိ

Tuesday, October 16, 2007

လောကအလယ်မှ တစ်ဦးတည်းသော အနှိုင်းမဲ့ကျေးဇူးရှင်(သို့ မဟုတ်) မေမေ

ကိုယ့်နှလုံးသားမှာ
စိတ်ညစ်စရာတွေနဲ့ 
ပြည့်နှက်နေတဲ့အခါ
အစဉ်အမြဲ ကြိုဆိုနေမဲ့ရင်ခွင်
ဝေးကွာခြင်းတွေရဲ့ 
အဆုံးတစ်ဖက်မှာ
ညီမျှမှုတွေအပြည့်နဲ့ 
ဘ၀ရဲ့  နားခိုရာ တစ်ခုရှိတယ်။
နှင်းတွေကျနေတဲ့အချိန်
နွေးထွေးမှုတွေ ပေးတဲ့သူ
မိုးတွေ ခြိန်းနေတဲ့အခါ
ချော့မြူလို့ သိပ်တတ်သူ
နွေဥတုက နှိပ်စက်တဲ့အခါ
မေတ္တာရေအေး ပတ်ဖျန်းပေးတဲ့သူ
သူဟာ လောကမှာ တစ်ယောက်ပဲရှိတယ်။
ရှုပ်ယှက်ခတ်နေတဲ့ လောကမှာ
အမှားမဖက် အမှန်မက်အောင်
ထွန်းလင်းလမ်းပြပေးတဲ့သူ
တန်ဖိုးရှိတဲ့ဘ၀တစ်ခု ပိုင်ဆိုင်ရဖို့ 
လိုအပ်တာမှန်သမျှ
အစီအစဉ်တကျ ညွှန်တတ်သူ
မျက်ရည်တစ်စက် မကျရလေအောင်
အပြုံးတစ်ဖက် အချော့တစ်လှည့်
အားပေးတတ်တဲ့သူ……
သူဟာ…သူဟာ…
ခံယူချက်တစ်ခုအတွက်
ဘ၀ရဲ့ အစိတ်အပိုင်းနှစ်အချို့ ကို
အကျဉ်းထောင်ထဲမှာ နှစ်မြှပ်ခဲ့သူ..
ကျမမေမေ…. နှစ်ပေါင်းရာရှည်
ပျော်ရွှင်ပါစေ…။

(၅.၁၁.၂၀၀၇ တွင် ကျရောက်သော ကျေးဇူးရှင်မွေးမိခင်ရဲ့ မွေးနေ့ ရက်မြတ်သို့  ရည်စူးလျက်)

ချစ်သမီး
ထက်ရည်မွန်အိ

Monday, October 15, 2007

I have manything to post for my friends

Dear Every visitor,

I will post my poems later. But most of things are depend on my computer situation. အခု ကျမဆီမှာ ဇော်ဂျီဖောင့် ရှိနေပြီဖြစ်သလို ကျောင်းစာလုပ်ရန်လည်း မရှိသောကြောင့် ကဗျာများ ပြန်လည်ရေးဖြစ်တော့မည်ဖြစ်သည်။ တစ်ခုပြောချင်သည်မှာ ကျမ ဘလော့ဂ်တွင်
တင်ထားသော ငရဲမင်းအမည်ဖြင့် ရေးသားထားသောကဗျာမှာ ကျမရေးသားထားသော ကဗျာ မဟုတ်ပါ။ မိတ်ဆွေတစ်ယောက်မှ ရေးသားသောကဗျာဖြစ်ပြီး ကျမမှ ပို့ စ်တင်ပေးခြင်းသာ
ဖြစ်ပေသည်။ ထိုကဗျာအား ကျမရေးသားသည့်ပုံစံဖြင့် အများအမြင်ဖြစ်သွားလျှင် မူလရေးသားသော မိတ်ဆွေ ထိုကဗျာရှင်အား အလေးအနက်တောင်းပန်အပ်ပါသည်။ ယခုအခါတွင် ထိုကဗျာကို ဖျက်လိုက်ပြီ ဖြစ်ပေသည်။
လေးစားစွာဖြင့်
ထက်ရည်မွန်အိ

Friday, September 7, 2007

Everybody...I am so sorry for can not post new poem because I have no ZawGyi font yet.I can not read your commet.So if you want to send a comment to me,pls type in English.Sorry for I didn't post anything yet.
your friend
yeemon

Thursday, June 28, 2007

ညတစ်ညရဲ့  နေသစ်ဆီသို့ 

အသစ်အသစ်သော နေ့ တွေကို မွေးဖွားဖို့ 

ညတစ်ညရဲ့  နာကျင်ချိန် အလူးအလဲ…

ဘယ်သူတွေအတွက်လဲ…..

အို…..ညရယ်….

သင့်ရဲ့ ခံနိုင်ရည် အကျွန် လေးစားမိရဲ့ ..

သင့်အတွက်မဟုတ်တဲ့…….အတွက်….အတွက်

ဟော…….နာရီလက်တံတွေ (၁၂)မှာ ပေါင်းစုံနေပြီ…

ဆက်လှမ်းရန် ဟန်ပြင် သင်မောပန်းနေပါပြီ..

ဒါပေမဲ့ အဆွေရယ်….

သင်မှ ဆက်မလှမ်းရင် …ဘယ်ပုံဘယ်နည်း

အကျွန်တို့  ဆက်လက်ရှင်သန်ရမည်နည်……

အားတင်းပါ…..အားတင်းလှည့်ပါ…….

ရည်မွန်

Sunday, June 24, 2007

မမေ့ပါနဲ့ 

လမ်းတစ်ခု

တူတူလျှောက်လို့ 

သူရယ်..ငါရယ်..မင်းရယ်

ယောင်္ကျားရယ်…မိန်းမရယ်

အဖိုးရယ်…အဖွားရယ်

အဖေရယ်…အမေရယ်

လက်ချင်းတွဲလို့ ပေါ့…။

လမ်းတစ်ဖက်က အ၀င်

လမ်းတစ်ဝက်က အစ

လမ်းအဆုံးက အနီး

ရုတ်တရက် အမှောင်ဝင်လာခိုက်

တစ်ယောက်နဲ့ တစ်ယောက် ခြေထိုးခံ

မလုပ်ကြပါနဲ့ ……သွေးသားတွေပါ.။

သံသယတွေကို ဖယ်

လက်ချင်းတွဲယှက်လို့ 

ဆက်ကြစို့ ဦး ချစ်ဆွေတို့ ရယ်……..။

ရည်မွန်

Saturday, June 9, 2007

နာကြင်ခြင်းမဲ့ သံစဉ်

သံစဉ်တွေကိုယ်တိုင်ဖန်တီးဖို့ 

ငါ့လက်ဖျားတွေလည်း ထုံကျင်နေပါပြီ

မာကျောတဲ့အသားစိုင်တွေ

တိုးလို့ တိုးလို့ ပေါ့။

မှန်ကန်မှုတွေ ကိုယ်တိုင်ရှာဖွေဖို့ 

ငါ့စိတ်တွေလည်း မောပန်းနေပါပြီ

မယိမ်းမယိုင်စိတ်ဓာတ်တွေ

မြဲလို့ ခိုင်လို့ ပေါ့။

လွတ်လပ်ခြင်းတွေ ကိုယ်တိုင်သယ်ယူဖို့ 

ငါ့နှလုံးသွေးတွေလည်း

အေးခဲချင်ပြီ….

ဒါပေမဲ့ အစတစ်ခုကို စခဲ့ပြီမို့ 

အဆုံးအထိ ဆက်လျှောက်ရမယ်

ဘယ်အရာမှ လွယ်လွယ်မရတဲ့

နိယာမ ပေမို့ ……။

ရည်မွန်

Friday, June 8, 2007

ဗိုင်းရပ်စ်နဲ့ တူတဲ့ ကဗျာဆရာ

ကဗျာဆရာတစ်ယောက်ရဲ့  နှလုံးသားဟာ

အေးမြမှုနဲ့  နွေးထွေးမှုတွေပေးတယ်။

ကဗျာဆရာတစ်ယောက်ရဲ့ နှလုံးသားဟာ

ပျော်ရွှင်မှုနဲ့  ၀မ်းနည်းမှုတွေပေးတယ်။

ကဗျာဆရာတစ်ယောက်ရဲ့ နှလုံးသားဟာ

နူးညံ့မှုနဲ့ မာကျောမှူပေးတယ်။

တကယ်တော့ ကဗျာဆရာဆိုတာ

ဆန့် ကျင်ဘက်အရာတွေကို ပိုင်ဆိုင်ပြီး

ပြန်လည် ဖြန့် ဝေပေးနိုင်တဲ့

ဗိုင်းရပ်စ်တစ်မျိုးဆိုရင်လည်း

မှားမယ်မထင်ပါဘူး…..။

ရည်မွန်

Monday, June 4, 2007

မြစ်ကလေးရဲ့ ရင်ခွင်

  • ရင်ခွင်ထဲမှာ

အရိပ်ကလေးတွေက တစ်လှုပ်လှုပ်

သဘာဝကပေးတဲ့ တာဝန်ကလည်း

အဆက်မပြတ်

ဖြတ်သန်းသွားသမျှ

အရိပ်ကလေးတွေကို

အရင်းခံတည်ငြိမ်သော မျက်ဝန်းတစ်စုံနဲ့ 

ကြည့်နေလေရဲ့ ။

  • အမုန်းတရားမရှိ

ဂုဏ်ပကာသနမမက်

မာနမဖက်

ဦးတည်ရာကိုသာ ရွေ့ နေတယ်။

  • ပြီးဆုံးခြင်းမရှိတဲ့ သူ့ ခရီးမှာ

ထာဝရအဖော်ဆိုတာလဲ

မရှိခဲ့ပါဘူး။

  • ရှေ့ ဆက်နေတဲ့ သူ့ ရဲ့ ခရီး

ဘယ်သူက တားဆီးနိုင်ပါ့

တံတိုင်းတွေပဲတားတား

နံရံတွေပဲခြားခြား

ပင်လယ်ရေကုန်အောင် သောက်မယ်ဆိုတဲ့

ဘီလူးတွေပဲရှိရှိ……

  • မှောင်နေတဲ့ သန်းခေါင်မှာလဲ

သူသွားနေတယ်။

ပူပြင်းတဲ့ နေမင်းအောက်မှာလဲ

ထီးမပါဘဲ သူရှိနေတယ်။

  • မိုးကြီးလေကြီးကျလည်း သူမမှု

ကြောက်လန့် စရာကြုံလည်း သူမငို

တစ်ခါတစ်ခါ….

ဂီတသံချိုလေးနဲ့ တောင် ဖြေဖျော်လိုက်ရဲ့ ။

  • အံ့သြရလောက်အောင်

ဦးနှောက်ရှိတဲ့ မြစ်ကလေး

ယုံကြည်ဖို့ ခဲယဉ်းလောက်အောင်

နှလုံးသားရှိတဲ့ မြစ်ကလေး

ဒါကိုတော့ သူ့ ရင်ခွင်မှာ

ဖြတ်သန်းဖူးတဲ့အရာတိုင်းက

သိကြမှာပါ..။

  • တစ်ခါတစ်ရံ

ရင်ခွင်ထဲကို တိုးဝင်လာတတ်တဲ့

ဗျိုင်းဖြူလေးတွေ…

တစ်ခါတစ်ရံ

ရင်ခွင်ထဲက ထွက်ပြေးတတ်တဲ့

ဗေဒါလေးတွေ…။။

  • ဘာပဲဖြစ်ဖြစ်

မြစ်ကလေးက သိနေတယ်

တစ်နေ့ မှာတော့

ကိုယ်ရောက်ရှိရာ ဒေသတွေမှာ

မပျော်တော့တဲ့အခါ

သူ့ ရင်ခွင်ကို ပြန်လာပြီး

အိပ်စက်နားနေကြဦးမယ်ဆိုတာပေါ့…။

ရည်မွန်

မှားမှန်းမသိ

နေတစ်စင်းကို တပ်မက်မှုနဲ့ အတူ

သိက္ခာနဲ့  အရှက်တွေပုံအောရင်း

ဘ၀လှေကားတွေကို

ဆင်းမှန်းမသိ…ဆင်းနေဆဲ။

ရမ္မက်အမှောင် ဖုံးလွှမ်းလို့ 

အတ္တတွေ ကိုးကွယ်ရင်း

အမှန်တရားကို

မေ့လျော့မှန်းမသိ….မေ့လျော့နေဆဲ။

တကယ်တော့…

ဒီလောကရဲ့ တစ်နေရာမကတဲ့

နေရာတွေမှာ…….

အမှန်ကို ကြက်ခြေခတ်ရင်း

လူတစ်ယောက်ရဲ့ အတ္တဆန္ဒတွေနဲ့ …..

တစ်ခါတစ်လေလည်း

အမှားကို အမှန်ပြောတတ်ကြရဲ့ …။

ရည်မွန်

အနာဂတ်ပြတင်း

တိမ်ဖုံးလို့ နေရောင်အို

ဆည်းဆာတွေလည်း ငိုရော့မယ်…..

ပင်လယ်ရှိုက်သံသဲ့သဲ့

မျက်ရည်တွေပဲလား…..

ငါ့ရင်ထဲမှာ

အနာဂတ်ပြတင်းတစ်ပေါက်

စထွင်းနေပြီလေ….။

ရည်မွန်

Wednesday, May 30, 2007

ရုန်းထခြင်းသစ်ပင်

  • မာယာသစ်တောထဲမှာ ပိတ်မိနေတဲ့

ရိုးအတဲ့ နွယ်မြက်သစ်ပင်တွေ

အနေနီးလို့  အသွင်ပြောင်းတော့

မြက်ပင်တွေလည်း လည်ဝယ်လာပြီ….။

  • စိတ်ဓာတ်တွေပြောင်းလာတော့

အလှတရားတွေတောင်

အမှောင်ထုထဲမှာ ရောင်နီတွေနဲ့ အတူ

ပျောက်ဆုံးလာတယ်။။

  • ဦးနှောက်နဲ့  ပြန်သုံးသပ်ဖို့ 

နွယ်မြက်တွေမှာ ဦးနှောက်မရှိဘူး

ဒီလိုဆိုရင်……..

ဦးနှောက်ရှိတဲ့ လူသားတွေ

မျက်စိထဲမြင်တာကို အမှန်တွေး

တွေးမိတာကို အမှန်လုပ်

ဒီလိုဆို……

ရုန်းထနိုင်တဲ့သစ်တစ်ပင်

မလွဲမသွေဖြစ်လာပြီပေါ့……..။

ရည်မွန်

Sunday, May 27, 2007

မိုး

တစ်ခါတစ်ရံ ထစ်ချူန်းဟီးလို့ 

သူငိုချင်တိုင်း ငိုတတ်တယ်။

တစ်ခါတစ်ရံ ၀ုန်းဒိုင်းကြဲလို့ 

သူဆော့ချင်တိုင်း ဆော့တတ်တယ်။

တစ်ခါတစ်ရံ တည်ငြိမ်အေးလို့ 

သူငြိမ်ချင်တိုင်း ငြိမ်တတ်တယ်။

ဘ၀ဆိုတာ ထိုသို့ ပမာ

စွဲမြဲတွေးလို့  မရဘူးကွယ်။

ရည်မွန်

Tuesday, May 22, 2007

လမင်း

ဒီညချိန်ခါ ဆည်းဆာချိန်မှာ

လက်တွေ့ မှသည် အိမ်မက်ဆီသို့ 

အေးမြခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ 

ထပ်တူထပ်မျှ သူသယ်လာတယ်။

နာမည်ဂုဏ်သတင်း ကျော်ကြားမွှေးပျံ့ 

သူ့ တေးသံနှင့် ဒီကာလမှာ

သာယာငြိမ့်ညောင်း တေးသံစဉ်လည်း

သူ့ အရိပ်မှ ခိုလှုံဖူးတယ်

သူ့ ရဲ့ ပုံရိပ် မြင်လျှင်မြင်ချင်း

လူသားတို့ ၏ ရင်တွင်းမှာပင်

ငြိမ်းချမ်းသည့်ပန်း ဆင်မြန်းနိုင်သည်

လမင်းအဆင်း၊လမင်းအချင်း။

ရည်မွန်

Saturday, May 19, 2007

တော်ဝင်တဲ့ ပန်းပိတောက်

နွေလဂိမာန်၊ခါတန်ခူးမှာပ

ညီမျှရေစင်၊၀င်မတိုးနိုင်ဘု

ပန်းပိတောက်ရယ်တဲ့ ခိုင်ရွှေဝါ

တစ်နှစ်မှာ တစ်ခါပွင့်ပါဘိ

နန်းထိုက်တဲ့ တော်ဝင်ပန်း။

ကြောင်တောင်တော်နဲ့  သင်္ကြန်ပြီးမှ ရေးလိုက်တာပါ။။

ရည်မွန်

Thursday, May 17, 2007

လှလိုက်တာနော်…

ဟိုမှာကြည့်စမ်းပါ..

ကျမရဲ့ မျက်ရည်တွေ

ပန်းပွင်းလေးတွေ ဖြစ်သွားပြီ

မြူးတူးပျော်ပါးလို့ ….

လှလိုက်တာနော်..။

တဒင်္ဂအမုန်းတွေ

ပယ်ပြီးတဲ့နောက်

တခဏအလွမ်းတွေ

ကွယ်သွားတဲ့နောက်

ပျော်စရာနေ့ ရက်တွေ….

လှလိုက်တာနော်..။

ရောင်စုံကတ္တီပါ ပန်းမွေ့ ယာမှာ

ထာဝရအိပ်စက်ရင်း

ရည်မှန်းချက် မြဲမြံစွာ

ဘာသာတရား ဦးထိပ်ထားလို့ 

အလှတရားကို တန်ဖိုးထားသမျှ

အရာအားလုံးဟာ…….

လှလိုက်တာနော်……………။။

ရည်မွန်


ရယ်မောသံလွင်လွင်နဲ့ 

ချစ်စရာ့ မျက်နှာလေးတွေ

အပြစ်ကင်းတဲ့ သဘာဝအလှ

ဖြူစင်တဲ့ ခံစားချက်လေးတွေကို

သူတို့ မှာ ပိုင်ဆိုင်ထားတယ်။

ဖယောင်းလိုနူးညံ့တဲ့ စိတ်လေးတွေ

အေးမြတဲ့အပြုံးလေးတွေနဲ့ 

ရင်ကို ငြိမ်းချမ်းစေတဲ့အစွမ်

သူတို့ မှာရှိတယ်။

သြော်…….ဒါကလည်း

အမုန်းတွေကို ကင်းဝေးစေတဲ့

ဆေးတစ်ခွက်ပဲပေါ့။

(ဖော်ပြထားသော ဓါတ်ပုံမှာ ကျမရဲ့ ညီမငယ်လေး စုယဉ်မွန်ထွေးဖြစ်ပါတယ်ရှင်။)

Monday, May 14, 2007

ကဗျာတွေရေးနေတယ်

ကိုခွန် နဲ့  မမညလေးပြောမှ ကဗျာတွေ ပိုတင်ဖြစ်လိုက်တယ်။ဘာရယ်မဟုတ်ဘူး ဒီလိုပဲ တစ်ညကို တစ်ပုဒ်တော့ ရေးဖြစ်ပါတယ်။ခံစားချက်တွေ များနေတော့ အန်ထွက်ကုန်တာပေါ့။ဟီးဟီး။ဒီတစ်ခါ ဓါတ်ပုံတွေပါ တင်လိုက်ပါ တယ်နော်။ကဗျာတွေကို အခုလို ဖတ်ပြီး အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

ရည်မွန်

ငြိမ်းချမ်းရေးဆီသို့ (သို့ မဟုတ်)ကျမ၏ဆန္ဒ





စစ်….စစ်……စစ်

ဘယ်တော့များမှ အဆုံးသတ်ပါ့

ဆရာသခင် ကိုယ်တော်မှိုင်း

မည်မျှပင်တောင့်တခဲ့လည်း

ငြိမ်းချမ်းရေးလေး

မမြင်ခဲ့ရဘူး……

မာသာထရီဆာ

မည်မျှပင် ပြောကြားခဲ့လည်း

မေတ္တာတရားတွေ

ဒီကမ္ဘာမြေကို မဖုံးလွှမ်းထားဘူး။

အသင်နှင့် ကျွန်ုပ်

ဘယ်လိုအနာဂတ်တွေ

တည်ဆောက်ကြမလဲ…..




သွားကြစို့ လား သူငယ်ချင်း

မျက်ရည်တွေကို သုတ်ပေးကြမယ်.

ပျော်ရွှင်မှုတွေကို သယ်ဆောင်သွားမယ်.

ေ၀၀ါးနေတဲ့ အနာဂတ်တွေကို

ပုံဖော်ပေးကြမယ်…။

အဘမှိုင်းလို……မာသာထရီဆာလို…

စွမ်းဆောင်ချင်မှ စွမ်းဆောင်နိုင်မယ်

သို့ ပေမဲ့……..

ကျွန်ုပ်၏ဆန္ဒ

ဒီစစ်ပွဲတွေ ပြီးဆုံးကြပါစေ……

ငြိမ်းချမ်းသော ကမ္ဘာသစ်ဆီသို့ 

ညီညွတ်သော တွဲလက်များ

မဖြုတ်စမ်း ရှေ့ တိုးကြစို့ ရယ်…။

ရည်မွန်

ချစ်သူငယ်ချင်း





ချစ်သူငယ်ချင်း

သူငယ်ချင်း

ဇွန်လမိုးစက်တွေကြားမှာ

တို့ တွေ ပျော်မြူးခဲ့ကြတယ်။

ကျောင်းဆင်းချိန်ဆို

အပြေးအလွှားတို့ ဝှေ့ ရင်း

တစ်ဦးနဲ့ တစ်ဦး ရှာဖွေကြဖူးတယ်။

ရည်မှန်းချက်တွေ ဝေေ၀ဆာဆာနဲ့ 

အိမ်မက်တွေမက်ရင်း

ပျော်တပြုံးပြုံးပေါ့။




သူငယ်ချင်း

အောက်တိုဘာရဲ့  မီးရောင်စုံကြားမှာ

တို့ တွေ လျှောက်ခဲ့ဖူးတယ်။

စိတ်ကောက်ချိန်ဆို

မမောမပန်း ချော့မြူရင်း

ရယ်မောစရာတွေ ပြောခဲ့ဖူးတယ်။

စာမေးပွဲ(နှစ်လယ်)နီးတာနဲ့ 

မြန်မြန်ဆန်ဆန် စာတွေကျက်ရင်း

တစ်မေ့တစ်မောပေါ့။




သူငယ်ချင်း

ဒီဇင်ဘာနှင်းစက်တွေကြားမှာ

စက်ဘီးတူတူစီးခဲ့ကြဖူးတယ်။

ခရစ္စမတ်ချိန်ဆို

သီချင်းတွေဆိုရင်း ငါ့ဆီကို

မင်းတို့ တွေ လာလည်ခဲ့ဖူးတယ်။

ငိုကြွေးရတဲ့ အချိန်တွေမှာ

စနောက်မှုတွေနဲ့  နှစ်သိမ့်ရင်း

အားပေးလို့ ပေါ့။





သူငယ်ချင်း

မတ်လ ပထမပတ်မှာတော့

ခွဲခွာရချိန်တွေ ရောက်ခဲ့ဖူးတယ်။

လမ်းခွဲချိန်ဆို

စကားတွေဖောင်ဖွဲ့ ရင်း

ဝမ်းနည်းကြဖူးတယ်။

တွဲလက်တွေ ဖြုတ်ပြီဆို

မျက်ရည်တွေ စို့ နင့်ရင်း

ကျောခိုင်းခဲ့ဖူးတယ်။

ဒါပေမဲ့….အဲဒီလိုကျောခိုင်းရင်

(၃)လဆိုတဲ့ အချိန်မတိုင်ခင်

အဝေးကြီးကို ထွက်လာရတယ်။




ဆုတောင်းနေဆဲပါ

ပြန်ဆုံကြရဖို့ ကိုပေါ့……

ဘယ်လိုပဲ ကွာဝေးပါစေ

ငါအသိဥာဏ်တွေ ရှင်သန်နေသရွေ့ 

မမုန်းမမေ့ မင်းတို့ ရဲ့ ဖြူစင်တဲ့

နှလုံးသားတွေကို

ငါတမ်းတနေဆဲပါ…..

တောင်းဆိုလိုက်ပါတယ်

မင်းတို့ လည်း ငါ့ကို မမုန်းမမေ့

ထာဝရခင်မင်နေကြပါဦးနော်…….။

(ချစ်သောသူငယ်ချင်းများ ဒီပို့ စ်လေးကို တွေ့ မြင်ပါစေလို့  ဆုတောင်းနေမိတယ်။)

ရည်မွန်

သာယာသော ဘ၀များအတွက်



အသိတရားမရှိလို့ လား…….

မဟုတ်ပါဘူး။

စိတ်အလိုလိုက်ရင် အမှားတစ်သိုက်

ချီတတ်လာလိမ့်မယ်။

မကောင်းမှန်းသိရက်နဲ့ မရှောင်

ဇွတ်တရွတ် ဒီစိတ်တွေ

မင်းတို့ မေ့လိုက်ပါ။

ရည်မှန်းချက်မဲ့စေတဲ့ ခန္ဓာ

မင်းမတောင့်တပါနဲ့ ။

မျှော်လင့်ချက်မဲ့စေတဲ့ ဘဝ

မင်းမလျှောက်လိုက်ပါနဲ့ ။

အတွေးတစ်ချက် မင်းလွဲလိုက်တာနဲ့ 

မပြင်နိုင်တဲ့ အခြေအနေ

မင်းလက်ခံရလိမ့်မယ်။

ငါယုံကြည်ပါတယ်

မင်းဟာ မင်းမိခင်အတွက်

သားလိမ္မာတစ်ယောက်

ဖြစ်ချင်တယ်ဆိုတာကိုပေါ့။

ဒီလောက်ဆိုရင်ပဲ

မင်းရဲ့ ဘ၀ သာယာပါလိမ့်မယ်…..

မျက်ရည်များကင်းဝေးလို့ 

လှပတဲ့ဘ၀တွေကို ပိုင်ဆိုင်နိုင်ကြပါစေ…..

သူငယ်ချင်းတို့ ရေ………။

(လူငယ်အားလုံးသို့ ရည်ရွယ်ရင်း ဒီကဗျာလေးကို ရေးသားလိုက်ပါသည်။အေ့စ်ရောဂါမှ ကင်းဝေးနိုင်ကြပါစေ……..)

ရည်မွန်

သခင်






သခင်……..

အမုန်းမဲ့တဲ့ သခင့်အချစ်

အကျွန်မှန်းဆလို့ 

လွမ်းနေဆဲပါ။

သခင်……

မကြင်နာလို့  နာကျင်စေသည့်တိုင်

အကျွန် မေ့မရလို့ 

တမ်းတနေဆဲပါ။

သခင်………

နှုတ်ဆက်ပါတယ်ဆိုတဲ့ နောက်ဆုံးစကား

အကျွန်ရင်ထဲမှာ ပဲ့တင်လို့ နေဆဲပါ။

သခင်………

မင်းကို မချစ်နိုင်ဘူးဆိုတဲ့ သခင့်အသံ

ဘယ်နှစ်ကြိမ်တိုင်ပြီလဲလို့ 

အကျွန့် နှုတ်ခမ်းက ထွက်လို့ နေဆဲပါ။

ဒါပေမဲ့ သခင်………..

သေချာတာတစ်ခုရှိတယ်။

အကျွန့် ဦးခေါင်း သခင့်ခြေရင်း

မညွတ်တွားဘူး။

အကျွန့် မျက်ရည် သခင့်ခြေရင်း

မခစားဘူး။

အကျွန့် နှလုံးသား သခင့်ခြေရင်း

မဦးခိုက်ဘူး။

အဆုံးမသတ်နိုင်တဲ့

ဝေးကွာခြင်းတွေကြားမှာ

သခင်နဲ့ အကျွန်

အရှုံးမပေးစတမ်း

ယှဉ်ပြိုင်ရမယ်လေ

သခင်ဦးခိုက်လာတဲ့ နေ့ အထိပေါ့……….။

ရည်မွန်

Saturday, May 12, 2007

ကျမရဲ့ ချစ်မေမေ

ဇူလိုင်မိုးစက်၊စောမနက်၌

အသက်နဲ့ ရင်း၊ချစ်သမီးကို

မွေးဖွားသန့် စင၊်ရင်မှနို့ ရည်

တိုက်ကျွေးခဲ့သည့် မွေးမိခင်။

တာဝန်တစ်ဖက်၊ချွေးတစ်စက်နှင့်

အပြေးအလွှား၊မေမေ့ရင်ခွင်

ချစ်သမီးရဲ့ မိုးကောင်းကင်။

တစ်နေ့ တော့လေ…………..

ရှင်ကွဲခွဲရ၊မေမေနှင့်ကျမ

အဆုံးမဲ့သော၊လမ်းတစ်ဝက်မှာ

ဘ၀သစ်ပင် မွဲခြောက်သွားတယ်။

(ယခုအချိန်တွင် ကျမသည် ကျမမေမေနှင့် အနီးဆုံးတွင် ပြန်လည် နေခွင့်ရပြီဖြစ်ပါသည်။)

ရည်မွန်

မွေးမိခင်

ခန္ဓာတစ်ခုဖြစ်တည်ဖို့ 

အသက်နဲ့ စတေး မေမေ့သွေး

ချစ်သမီးသောက်စို့ ခဲ့ဖူးတယ်…..

အနာဂတ်ဘ၀ လှပဖို့ 

မေတ္တာနဲ့ ရေး မေမေ့အတွေး

ချစ်သမီး တောင့်တခဲ့ဖူးတယ်…….

ဘ၀တစ်ခုအောင်မြင်ဖို့ 

ပညာနဲ့ ဆင် မေမေ့ရင်ခွင်

ချစ်သမီး နားခိုခွင့်လေး ရလိုက်တယ်…..။

(နိုင်ငံတကာမိခင်များနေ့ အမှတ်တရ ကျေးဇူးရှင် မွေးမိခင်သို့ )

ရည်မွန်

Friday, May 11, 2007

ဝေဟင်ထက်မှ လှောင်ပြောင်သံ

ခဏတာပျော်၈ွှင်မှုအတွက်

ဘ၀တစ်ခုရဲ့ အသက်

ဂုဏ်သိက္ခာဆိုတာကို

ပေးဆပ်လိုက်ခဲ့ရတယ်။

မာနတရားအတွက်တော့

ယှဉ်ပြိုင်နိုင်တဲ့သတ္တိ

ငါ့မှာ မရှိပါဘူးလေ။

အာကာမှာ ပိုင်ဆိုင်တာ

ကြယ်တစ်စင်းမှ မကဘဲ။

လပြည့်ဝင်းကတော့

သူ့ ရင်ခွင်မှာခိုဝင်နေလို့ ပေါ့။

ပြိုးပြိုးပျက်ပျက် ကြယ်စင်

ငါလည်း ကြယ်တစ်စင်းပဲ မဟုတ်ဘူး…..

ငါဟာ အမှုန်အမွှားလေး တစ်စက်ပါ။

ဒါပေမဲ့လည်း

အာကာမင်းကြီးရယ်

ငါဟာ မင်းရင်ခွင်ထဲမှာ ခိုဝင်ရင်း

မင်းရဲ့ လှောင်ပြောင်သံကို

ဂုဏ်ယူစွာနဲ့ ပဲ လက်ခံနေတယ်။

မင်းသိရဲ့ လား……..

ငါဟာ မင်းရင်ခွင်ရဲ့ လေညှင်းကြောင်း

ထာဝရပျော်ရွှင်စွာ အိပ်စက်နိုင်တော့မယ်လေ……။

ရည်မွန်

Monday, May 7, 2007

တိမ်တိုက်ငယ်ရဲ့ မှတ်တမ်း

တိမ်တိုက်ငယ်တစ်ခု လွင့်မျောနေလေရဲ့ ။

တစ်ခါတစ်လေ ကစင့်ကလျားနဲ့ 

ပြန့် ကျဲသွားတတ်တယ်။

တစ်ခါတစ်လေ ကြယ်နဲ့ လတွေကို ဖုံးအုပ်ထားတယ်။

တစ်ခါတစ်လေ မျက်မှောင်ကုတ်လို့ 

အလင်းအုပ်ထားတယ်။

တစ်ခါတစ်လေ ပူလောင်တဲ့ နေမင်းကို

ကာကွယ်ပေးပြန်တယ်။

တစ်ခါတစ်လေ သည်းကြီးမည်းကြီး

အငြိုးကြီးစွာ ခုန်ဆင်းလာတယ်။

ဒါပေမဲ့…….လေပြင်းဝှေ့ လိုက်ရုံနဲ့ 

သူမှာလွင့်မျောရရှာတယ်။

ရည်မွန်

Wednesday, May 2, 2007

သက်ပြင်းမော

ပျောက်ဆုံးသွားတဲ့ အနာဂတ်

ကျမဘ၀ထဲ ပြန်ဝင်လာရော့သလား

အမှတ်မထင် ခံစားချက်လေးပါ

ယုံကြည်မှုဆိုတဲ့ တံတိုင်းကို လှဲဖြိုလို့ 

တန်းတန်းမတ်မတ်ကြီး ၀င်လာတယ်……

ကျမအသားတွေ တဆတ်ဆတ်တုန်လို့ 

မျက်ရည်တွေလည်း ပြည့်လို့ ပေါ့။

ခံစားချက်ကို ရှေ့ တန်းတင်ဖို့  မစဉ်းစား

မြဲမြံတဲ့ သတ္တိသွေးတွေနဲ့ သာ

သံသရာဆုံးအထိ သွားချင်လိုက်တာ…….

ဒါပေမဲ့လေ……………………။။

ရည်မွန်

Monday, April 30, 2007

တပွင့်တည်းရင်ထဲက ကြယ်စင်

မိုးစက်တွေရဲ့ တေးသံကျယ်ကျယ်တွေကို ကျမကြားနေမိတယ်။ဒါပေမဲ့ အပူမီး သည်းထန်နေတဲ့ ကျမနှလုံးသား ကို ပက်ဖျန်းပေးဖို့ တော့ အားမရှိကြဘူးထင်ရဲ့ ။ငိုလိုက်လို့ သာဒဏ်ရာတွေ ပျောက်သွားရင် ကျမ အခါသိန်း သန်းမက ငိုချင်ပါတယ်။မျက်ရည်ဆိုတာ မရှားပါဘူးလေ..။ကျမမှာ ရင်ဆိုင်ရဲတဲ့ သတ္တိမရှိဘူးလားလို့ မေးလာ ရင်တော့ ကျမပြန်ပြောမိမှာက ကျမ သတ္တိမရှိတာမဟုတ်ပါဘူး။နောင်တအကျိုးဆက်ဆိုတာကို ကျမထိတ်လန့် 
မိတာပါ။ကျမဟာ ကြောက်တတ်တဲ့ မိန်းကလေးတစ်ယောက်တော့ မဟုတ်ပါဘူး။မေမေ့ကို တောင် ကျမမှန်ရင် ပြန်ပြောနေဖို့  ၀န်မလေးပါဘူး။ကျမမေမေရဲ့ အကြီးမားဆုံး စိတ်ပျက်မှုကလဲ ကျမရဲ့ ဒီစိတ်ဓါတ်ကိုပါပဲ။ ဒါထား လိုက်ပါလေ။မိုးသည်းထဲမှာ မီးလောင်ခံနေရတဲ့ဒုက္ခကို ခံစားဖူးရင် ကျမရဲ့ ဝေဒနာတွေကိုကူညီပြီး နားလည်နိုင် မှာပါ။ကျမကို နားလည်ပေးမဲ့ တစ်ဦးတည်းသောသူဟာ ကျမရဲ့ အဝေးဆုံးနေရာမှာ ရှိနေတယ်လေ။ကျမ ပူလောင်လွန်းလို့ ရင်တွေ ကွဲထွက်မတတ်ပါပဲ။တင်းထားတဲ့ နှုတ်ခမ်းတွေကြားက နီရဲတဲ့ ကျမသွေး စက်တွေ တောင် ခြောက်လုလုဖြစ်နေလေပြီ။ဘာတွေလုပ်လို့ ဘာတွေဖြစ်မယ်ဆိုတာကျမ မစဉ်းစားနိုင်တော့ဘူး။စဉ်း စား မိရင်လည်း ကျမရဲ့ အနာဂတ်ကို ကျမပိုင်ဆိုင်ခွင့်မရခဲ့ရင် ကျမမျှော်လင့်ချက်တွေ ပျောက်ဆုံးကုန်ရင်ဆိုတဲ့ အတွေးမျိုးဝင်လာမှာ စိုးမိတယ်။ကျမရဲ့ အနာဂတ်တွေကို ပုံဖော်နိုင်ဖို့ အတွက် ကျမအားကိုးလိုက်မိပါတယ်။ တစ်ပွင့်တည်း သောကြယ်စင်ရယ်။ကြယ်တွေအများကြီးရှိပေမဲ့ တစ်ပွင့်တည်းသောကြယ်စင်ကို အားကိုး
မိလိုက်ပါတယ်။အလင်းဖျော့ဖျော့ကြားထဲမှာ ကျမကို အားပေးမဲ့တစ်ပွင့်တည်းကြယ်စင် နားလည်နိုင်ပါစေ….။

Sunday, April 29, 2007

မွန်မြတ်မိခင်

ငိုနေသော နှလုံးသား၊မျက်ရည်ဆူးနစ်

ကြေကွဲငြီးငြူ၊ထိုသူတို့ အား

အေးချမ်းစေသည့် ထိုအမေ။

ညီညွတ်အင်အား၊ထာဝရမေတ္တာ

ဂရုဏာနဲ့ ချစ်ခြင်းတရား

မုဒိတာနဲ့ ကြင်နာမှုများ

ပေးအပ်လေသည် ထိုအမေ။

ဖခင်အမွေ၊မျိုးချစ်ခွန်အား

ထမ်းဆောင်ဂုဏ်အင်၊အားမာန်ဝင့်သည်

သားအလွမ်းနှင့် ထိုအမေ။

ဘ၀ဒဏ်ရာ၊အထီးကျန်တစ်ကိုယ်တည်း

ပြည်သူတို့ ကို မခွဲအမြဲ

တွဲခေါ်ဆောင်သည်

လွတ်လပ်တရား ရှင်သန်စေမည့်

ထိုအမေ…….။

အေးမြနွေးထွေး၊လွတ်လပ်ကြည်ဖြူ

ဖေးမကူရင်း လျှောက်သွားမည့်လမ်း

ဖောက်သွားတူတူ မမောပန်းပြီ

မွန်မြတ်မိခင် နှလုံးသားတည်း…….။

ရည်မွန်ထိပ်ထား

ဒီကဗျာလေးကတော့ ဒေါ်အောင်ဆန်းစုကြည် (၆၁)နှစ်မြောက်မွေးနေ့ မှာ ရည်မွန်ထိပ်ထားအမည်နှင့် ရေးစပ်ခဲ့သည့် မွန်မြတ်မိခင်သို့ ကဗျာဖြစ်ပါတယ်။

(အလင်းအိမ်စာစောင်၊အတွဲ(၁)၊အမှတ်(၃)၊၂၇-ဇွန်လ၊၂၀၀၆)

ကျမနှင့်ကျမ

ပြက္ခဒိန်ဟောင်းထဲက ကျမအိမ်မက်တွေ

ရောင်နီမလာခင် နိုးထခဲ့ရ

အဆုံးမဲ့စိတ်ကူး အတွေးနဲ့ နှိပ်စက်ဖို့ 

ကျမမွေးဖွားခဲ့တာပါ…..

ဖျော့တော့နေတဲ့ ကျမဦးနှောက်

အမုန်းတရားတွေ ရှင်သန်ရန်မဟုတ်

အမှားနဲ့ အမှန် ခွဲခြားတတ်ဖို့ သာ

ကျမမေမေ ဆန္ဒရှိခဲ့တာပါ။

အကြွေးထူတဲ့ ကျမအပြုံး

စိမ်းကားရန် မရည်ရွယ်

ချစ်ခင်ရသူ ပျော်ရွှင်ရန်သာ

သဘာဝကြီးက ပေးသနားခဲ့တာပါ။

ဒါပေမဲ့လေ……..

သွေးစာနေသူ အရူးကျမ

အရှုံးတွေ ထွေးပိုက်လို့ 

မျက်ရည်ကို အလှူပေးရင်း

ကျမ………..ပျော်ရွှင်နေမိတယ်။

ရည်မွန်

မမဲ့နိုင်သော အဆုံးသတ်

မျှော်လင့်ချက်တွေနဲ့ အသက်ရှင်

အလင်းရောင်တွေ ကြိုလင့်လို့ 

အာရုံဦးကို လျှောက်စို့ လေ။

ဝေးကွာခဲ့တဲ့ အတိတ်တွေ

ပျောက်ဆုံးခဲ့ရတဲ့ ယုံကြည်ချက်တွေ

ဒီမိုးသောက်ချိန် ပြီးဆုံးသွားမှာပေါ့။

ရည်မွန်

ပိုက်

လိုချင်တဲ့အရာတစ်ခုအတွက်

ငါ့ခန္ဓာကိုယ်ထဲမှာ စီးဝင်စေ

ငါ့အသားတွေကိုလည်း နာကျင်စေ

အဆုံးသတ်တော့

ငါ့ကို လွှင့်ပစ်ကြတယ်။

(ပိုက်ကလေးတွေသနားပါတယ်နော်။)

ရည်မွန်

လင်းနို့ 

ခြေလိုလို လက်လိုလို

အတောင်ပံလိုလို

သူသိပ်မပီပြင်ပေမယ့်လည်း

ပြောင်းပြန်မိုးလင်းပြီး

အတည့်မိုးချူပ်တဲ့

သူ့ အမှန်တရားဟာ

သိပ်နားပါးလွန်းတယ်။

AMT

ဒါလည်း ကိုအောင်မြတ်သူရဲ့ ကဗျာပါပဲ။

သစ်ပင်စိုက်ခြင်း

-သစ်ပင်တွေဟာဖြင့် ခေတ်မီကြတယ်

သူတို့ လိုပဲ ကမ္ဘာမြေကို ငါပေါင်းတော့မလို့ 

သူတို့ ဟာ တံတွေးမထွေးဘူး

(၂၄)နာရီလုံး စုပ်ယူတယ်

ခံမပြောဘူး ခံယူပစ်တယ်

ဆန်းသစ်တယ်။

-သူတို့ ဆိုတဲ့တွေးတွေ အမြဲစိမ်းလန်းတယ်။

တို့ နဲ့ ကြမ္မာတူတာတွေလည်း

ငါမြင်မိရဲ့ …

သင်းသတ်တာမျိုး

တောရှင်းခံရတာမျိုးတွေပေါ့။

မတတ်နိုင်ဘူးလေ

ထင်းဖြစ်လည်း ဖြစ်ပစေတော့

သစ်ပင်တွေလိုပဲ

ကမ္ဘာမြေကို ငါပေါင်းတော့မယ်။

AMT

မော်လမြိုင်ထောင်အမှတ်တရ

ဒီကဗျာကတော့ ကဗျာဆရာတစ်ဦးဆိုလည်းဟုတ်၊ကျမအကို ဆိုလည်းဟုတ်တဲ့ ကိုအောင်မြတ်သူ ကဗျာလောကထဲရောက်လာတဲ့ ကဗျာတွေထဲက တစ်ပုဒ်ပါ။

Saturday, April 28, 2007

လမ်း

မှောင်မိုက်တဲ့လမ်း ဆူးရှတဲ့ဓါးသွား

မတ်စောက်တဲ့ ကျောက်ဆောင်

သူမမှုခဲ့ပါဘူး။

ရဲရင့်တဲ့ သတ္တိ ပေးဆပ်မှုအနတ္တတွေနဲ့ 

တိတ်တဆိတ်ငိုကြွေးရင်း

သူကပြခဲ့တယ်။

ချစ်သူ့ ရင်ခွင်က ပြေးထွက်

ခန္ဓာကိုယ်ကို စတေးလို့ 

တိုင်းပြည်အတွက် ယစ်ပူဇော်

သူ မိုက်မဲခဲ့တာ မဟုတ်ရပါဘူး။

ဒီလိုနဲ့ လမ်းဆက်အလျှောက်

နောက်ဆုံး ဘ၀ရဲ့ အချိန်

အမှန်လမ်းနိဗ္ဗာန် သူဝင်ခဲ့ပါတယ်။

ရည်မွန်

(အမ္ဗပါလီအတွက် ခံစားရေးဖွဲ့ သည်။)

Friday, April 27, 2007

သွားလည်ကြည့်ပါ။

အားလုံးကို မိတ်ဆက်ပေးချင်တဲ့ link တစ်ခုရှိနေပါတယ်။အဲဒါကတော့ မြန်မာ့သတင်း

ဆက်သွယ်ရေးနည်းပညာအဖွဲ့ ရဲ့  link ပါ။သိပြီးသူတွေလည်းရှိပါတယ်။အဲဒီ့မှာ ကဗျာ

လေးတွေ ကောင်းသလို သမိုင်းတွေကိုလည်း သိရှိနိုင်တယ်။ဒီပို့ စ်မှာ လဲ အဲဒီ link ကို

ပေးထားမယ်နော်။ www.myanmarisp.com ကိုသွားလည်ပြီး ဗဟုသုတများတိုးပွားနိုင်

မှာပါ။

ရင်ထဲက ဒိုင်ယာရီ

အတိတ် ပစ္စုန်ပ္ပန် အနာဂတ်

ဘယ်နေရာမှာ အမြဲတည်နေနိုင်မလဲ

ပြောစမ်းပါ သူငယ်ချင်း။

မင်းနောက်က ခြေရာ

ပြန်ကောက်မလို့ လား။

မင်းရှေ့ က မြက်ခင်း

ဆက်လှမ်းမှာလား။

မင်းရင်ထဲက ဒဏ်ရာ

ငါမြင်နေပါတယ်။

နှလုံးသားအတုနဲ့  လှည့်စား

မာယာမိုင်းတွေခွဲပြီး

စကားလုံး ပျားရည်တွေ

မင်းသတိရနေမှာပေါ့။

တစ်ခုတော့ အကြံပေးပါရစေ..

မင်းရင်ထဲက ဒဏ်ရာတွေ အန်မချလိုက်ပါနဲ့ ။

မင်းရဲ့ ဖြူလွလွ စာမျက်နှာ

ညစ်ပေသွားမှာ စိုးလို့ ပါ။

သိမ်းထားလိုက်ပါကွာ….

မင်းရင်ထဲက ဒိုင်ယာရီထဲမှာ

ထာဝရအိပ်စက်နေပါစေ။

ရည်မွန်

Wednesday, April 25, 2007

လူတစ်ယောက်(သို့ မဟုတ်)…….

ငါ့အသိတစ်ချက် အဝေးသို့ လွင့်မျောဆဲ

အော်ဟစ်သံသဲ့သဲ့ ငါကြားမိရဲ့ ..

ငြီးငြူသံလား၊ငိုရှိုက်သံလား၊

ခက်သဲ့သဲ့မို့  မသဲကွဲပါဘူး။

ပျော်ရွှင်ခြင်းမဲ့ ဒီနေရာ

ငါခဏတော့ ပြေးထွက်ချင်ရဲ့ ။

နာကျင်ခြင်းမဲ့ သံစဉ်

ငါခဏတော့ ကြားချင်မိရဲ့ ။

အခြေအနေတစ်ရပ်ပေါ်

ငါ တည့်တည့် တည်နေဆဲ

ပြောင်းလဲပိုင်ခွင့်အာဏာ

ငါ အစိုးမရထားဘူး။

ငြင်းဆန်ပိုင်ခွင့်အာဏာ

ငါအခွင့်မရထားဘူး။

စိုးမိုးပိုင်ခွင့်အာဏာ

ငါမသိထားဘူး။

တကယ်တော့ ငါလည်း……

လူပီသမှုအတွက် ရုန်းကန်ရဦးမှာပါလား………။

ရည်မွန်

Saturday, April 21, 2007

ဘ၀တစ်ခုနဲ့ အတူ

ဘ၀တစ်ခုမှာ အမှားများစွာ

ကြုံခဲ့ ဆုံခဲ့ ထိခိုက်ခဲ့လည်း

အမှန်တစ်ခု ငါတည်ဆောက်မယ်

ရင်းရမယ် ဘ၀နဲ့  ဒဏ်ရာ။

ကံကြမ္မာစေရာ လမ်းလျှောက်သွားလို့ 

ခါးတစ်ပြန် ချိုတလှည့်

မောဟိုက်လို့  နားခိုချင်လဲ

ရင်ခွင်ရယ်….

ဝေးကွာနေဆဲ။

တိတ်တဆိတ် တစ်ကိုယ်တည်း

အမှောင်ခန်းကျဉ်းထဲမှာ

ကိုယ့်ကိုယ်ကိုယ်ပဲ အကျဉ်းချမိရော့သလား။

အဆုံးသတ်မတော့

ငါ့ဘ၀ရဲ့ အမှန်တရား

ငါ့ဘ၀ရဲ့ အမှန်လမ်း

ငါ့ဘ၀ရဲ့ ယုံကြည်ချက်

ငါသွားရဦးမယ်….ချစ်တဲ့သူရယ်။

ရည်မွန်

Thursday, April 19, 2007

နွေ

ဥသြငှက်ရဲ့ ချိုတေးသံ
ငါ့နားထဲ ပျောက်ကွယ်နေတာ
ကြာလှပေါ့။
ပိတောက်တစ်ခတ်ရဲ့  ချော့မြူသံ
ငါ့အသည်းထဲ မ၀င်လာနိုင်တာ
ကြာလှပေါ့။
သင်္ကြန်မိုးတစ်စက်
ငါ့ဆံနွယ်နဲ့  မထိတွေ့ ရတာ
ကြာလှပေါ့။
ဒါပေမဲ့လည်း
ငုဝါ တွေကတော့
ပင်လုံးလှိုင်လို့  ပွင့်နေဆဲ
ပွင့်လို့  နေဆဲပါပဲ။


Friday, April 13, 2007

တန်ခူးလေနှင့် လျောတော့မည်

ဒီစာလေးတွေက စာပေဗိမာန်ဆုနှင့် အမျိုးသားစာပေဆုရှင် ဘဘ ဦးတင်မိုးရဲ သစ်ရွက်ကြွေပေါ်က မှတ်တမ်းတစ်ခုပါပဲ။

လူဆိုတာ မိမိဘက်မှာတော့ တကွက်ချန်စမြဲ တဲ့။
ကိုယ့်အနာ ကိုယ်သာသိပေမယ့် လူသိမခံမှာ သေချာတယ်။
ဆင်သေကို ဆိတ်ရေနဲ့ ဖုံးလို့ မရဘူးဆိုပေမဲ့ ဖုံးမှာကတော့
အသေအချာ။လုံမလုံသာ မသိနိုင်တာ။။

တူတူရေ...လုံအောင်ပုန်း။ကတုံးမကြီး လာလိမ့်မယ်..တဲ့။
ငယ်ငယ်ဘ၀ တူတူပုန်းတမ်း ကစားစဉ်က။

မလုံမလဲ မယုံမရဲ နဲ့  နေရတဲ့ဘ၀မှာ ချမ်းသာသုခ ခံစားနိုင်ပါ့မလား။
ရိုးသားရဲရင့် ပင်လုံးပွင့်တဲ့ ပိတောက်ခမျာ အပွင့်အခိုင်
ပင်လုံးအချိုင်ခံရရှာတယ်။သူကတော့ အပေးမှာ မွေ့ လျော်
ကြည်ဖြူပြီး အယူမရှိတဲ့ ပန်းပေကိုး။မိမိအတွက် ပုန်းဝှက်စရာ
နေရာမရှာချေဘူး။

ကိုယ်ကျိုးမချန်သူတို့ အတွက် လောကဟာ သန်းတန်တယ်။
နေပျော်တယ်။

သံသယနဲ့  ကြောင့်ကြမှုများ တောင့်တမှုကင်းတဲ့ ကမ္ဘာလောက်
သာယာတဲ့ ကမ္ဘာရှိနိုင်ပါဦးမည်လား။

ပိတောက်ပန်းလေးတွေ ပွင့်တော့မည်။
တန်ခူးလေနှင့် လျော့တော့သည်လို့ ဆိုရမှာပေါ့။