တန်ခူးလေနှင့် လျောတော့မည်
ဒီစာလေးတွေက စာပေဗိမာန်ဆုနှင့် အမျိုးသားစာပေဆုရှင် ဘဘ ဦးတင်မိုးရဲ့  သစ်ရွက်ကြွေပေါ်က မှတ်တမ်းတစ်ခုပါပဲ။
လူဆိုတာ မိမိဘက်မှာတော့ တကွက်ချန်စမြဲ တဲ့။
ကိုယ့်အနာ ကိုယ်သာသိပေမယ့် လူသိမခံမှာ သေချာတယ်။
ဆင်သေကို ဆိတ်ရေနဲ့ ဖုံးလို့ မရဘူးဆိုပေမဲ့ ဖုံးမှာကတော့
အသေအချာ။လုံမလုံသာ မသိနိုင်တာ။။
တူတူရေ...လုံအောင်ပုန်း။ကတုံးမကြီး လာလိမ့်မယ်..တဲ့။
ငယ်ငယ်ဘ၀ တူတူပုန်းတမ်း ကစားစဉ်က။
မလုံမလဲ မယုံမရဲ နဲ့  နေရတဲ့ဘ၀မှာ ချမ်းသာသုခ ခံစားနိုင်ပါ့မလား။
ရိုးသားရဲရင့် ပင်လုံးပွင့်တဲ့ ပိတောက်ခမျာ အပွင့်အခိုင်
ပင်လုံးအချိုင်ခံရရှာတယ်။သူကတော့ အပေးမှာ မွေ့ လျော်
ကြည်ဖြူပြီး အယူမရှိတဲ့ ပန်းပေကိုး။မိမိအတွက် ပုန်းဝှက်စရာ
နေရာမရှာချေဘူး။
ကိုယ်ကျိုးမချန်သူတို့ အတွက် လောကဟာ သန်းတန်တယ်။
နေပျော်တယ်။
သံသယနဲ့  ကြောင့်ကြမှုများ တောင့်တမှုကင်းတဲ့ ကမ္ဘာလောက်
သာယာတဲ့ ကမ္ဘာရှိနိုင်ပါဦးမည်လား။
ပိတောက်ပန်းလေးတွေ ပွင့်တော့မည်။
တန်ခူးလေနှင့် လျော့တော့သည်လို့ ဆိုရမှာပေါ့။
No comments:
Post a Comment