ဘ၀တစ်ခုနဲ့ အတူ
ဘ၀တစ်ခုမှာ အမှားများစွာ
ကြုံခဲ့ ဆုံခဲ့ ထိခိုက်ခဲ့လည်း
အမှန်တစ်ခု ငါတည်ဆောက်မယ်
ရင်းရမယ် ဘ၀နဲ့  ဒဏ်ရာ။
ကံကြမ္မာစေရာ လမ်းလျှောက်သွားလို့ 
ခါးတစ်ပြန် ချိုတလှည့်
မောဟိုက်လို့  နားခိုချင်လဲ
ရင်ခွင်ရယ်….
ဝေးကွာနေဆဲ။
တိတ်တဆိတ် တစ်ကိုယ်တည်း
အမှောင်ခန်းကျဉ်းထဲမှာ
ကိုယ့်ကိုယ်ကိုယ်ပဲ အကျဉ်းချမိရော့သလား။
အဆုံးသတ်မတော့
ငါ့ဘ၀ရဲ့ အမှန်တရား
ငါ့ဘ၀ရဲ့ အမှန်လမ်း
ငါ့ဘ၀ရဲ့ ယုံကြည်ချက်
ငါသွားရဦးမယ်….ချစ်တဲ့သူရယ်။
ရည်မွန်
3 comments:
မြန်မာ Blog တွေပေါ်က Post ကောင်းကောင်းလေးတွေကို စာအုပ်ထုတ်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ အကျိုးအမြတ် တစုံတရာရလာခဲ့ရင် လိုအပ်နေတဲ့နေရာ တွေမှာလှူဒါန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ သိပြီးသားလည်း ဖြစ်မှာပါ။ Blog တွေကို ခွဲတမ်းနဲ့ဖတ်ပေးကြမှာဖြစ်ပြီး အခုဒီ Blog ကိုတော့ ကျွန်တော်ဖတ်ရမှာပါ။ ဒီ Blog ထဲက သင့်တော်တဲ့ Post များတွေ့ခဲ့ရင် ထပ်ဆင့်ရွေးချယ်တဲ့ အဖွဲ့ကို ကျွန်တော်က တင်ပေးလိုက်မှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီရွေးချယ်ခံရတဲ့ Post ကိုသုံးခွင့်ပြုဖို့ သဘောတူ၊ မတူသိပါရစေ။ နောက်ပြီး ပါစေချင်တဲ့ Post လေးများရှိရင်လည်း အကြောင်းကြားပေးစေလိုပါတယ်။ ပိုင်ရှင်ရဲ့သဘောထားကို ဒီ Comment ရဲ့အောက်မှာ ဆက်လက်ဖေါ်ပြပေးစေလိုပါတယ်။ ပူးပေါင်းကူညီမှုကို ကျေးဇူးတင်လျက် ...
Mr.Pooh (myanmaroa6.blogspot.com)
အသေးစိတ်သိလိုပါက ... http://soezeya.blogspot.com နှင့် mmblogbook@gmail.com သို့ဆက်သွယ်ပါ။
Dear
ဟုတ်ကဲ့ပါ။ရည်မွန့် ဆီမှာ ရှိတဲ့ postထဲက သင့်တော်တာတွေ့ ရင်
သင့်တော်သလို အသုံးပြုနိုင်ပါတယ်ရှင်။
yeemon
Thanks for your co-operation and I will inform you in short.
Post a Comment