Welcome To My Blog
Welcome To My Blog
 

ထက် ရည် မွန် အိ ရဲ့ ကဗျာ နှင့် အိပ် မက် များ


Sunday, April 29, 2007

မွန်မြတ်မိခင်

ငိုနေသော နှလုံးသား၊မျက်ရည်ဆူးနစ်

ကြေကွဲငြီးငြူ၊ထိုသူတို့ အား

အေးချမ်းစေသည့် ထိုအမေ။

ညီညွတ်အင်အား၊ထာဝရမေတ္တာ

ဂရုဏာနဲ့ ချစ်ခြင်းတရား

မုဒိတာနဲ့ ကြင်နာမှုများ

ပေးအပ်လေသည် ထိုအမေ။

ဖခင်အမွေ၊မျိုးချစ်ခွန်အား

ထမ်းဆောင်ဂုဏ်အင်၊အားမာန်ဝင့်သည်

သားအလွမ်းနှင့် ထိုအမေ။

ဘ၀ဒဏ်ရာ၊အထီးကျန်တစ်ကိုယ်တည်း

ပြည်သူတို့ ကို မခွဲအမြဲ

တွဲခေါ်ဆောင်သည်

လွတ်လပ်တရား ရှင်သန်စေမည့်

ထိုအမေ…….။

အေးမြနွေးထွေး၊လွတ်လပ်ကြည်ဖြူ

ဖေးမကူရင်း လျှောက်သွားမည့်လမ်း

ဖောက်သွားတူတူ မမောပန်းပြီ

မွန်မြတ်မိခင် နှလုံးသားတည်း…….။

ရည်မွန်ထိပ်ထား

ဒီကဗျာလေးကတော့ ဒေါ်အောင်ဆန်းစုကြည် (၆၁)နှစ်မြောက်မွေးနေ့ မှာ ရည်မွန်ထိပ်ထားအမည်နှင့် ရေးစပ်ခဲ့သည့် မွန်မြတ်မိခင်သို့ ကဗျာဖြစ်ပါတယ်။

(အလင်းအိမ်စာစောင်၊အတွဲ(၁)၊အမှတ်(၃)၊၂၇-ဇွန်လ၊၂၀၀၆)

2 comments:

Ka Daung Nyin Thar said...

ကဗျာလေးတွေ ရေးနေတဲ့ မရည်မွန်ကို ကျနော့်ဘလော့မှာ လင့်ခ်လိုက်ပြီဗျာ
စကားမစပ်.. အဲဒီ ပို့စ် heading လေးတွေ မပေါ်ဘူး ဖြစ်နေတယ်နော်..
ပို့စ်လေးတွေက အေးအေးလေးနဲ့ ကောင်းသားပဲဗျ..

ကဒေါင်းညင်သာ

Anonymous said...

ညီမရည်မွန်.. ငယ်ပေမယ့် အတွေးအခေါ်ရင့်ကျက် ကဗျာစာသား အေးအေးလေးတွေနဲ့ ရင်ကို အေးမြစေတယ် ။

ဒေါ်အောင်ဆန်းစုကြည်တောင် ၆၁နှစ်ပြည့်ပြီနော် ။ သူ့ခင်ပွန်း ဖျားနာပြီး ဆုံးတော့တောင် ပြည်သူတွေကိုမခွဲ ဘဲ မြန်မာပြည်မှာနေတဲ့ မျိုးချစ်သမ္နနိစိတ်ဓါတ်ကို သိပ်လေးစားမိတယ် ။