Welcome To My Blog
Welcome To My Blog
 

ထက် ရည် မွန် အိ ရဲ့ ကဗျာ နှင့် အိပ် မက် များ


Monday, June 4, 2007

မြစ်ကလေးရဲ့ ရင်ခွင်

  • ရင်ခွင်ထဲမှာ

အရိပ်ကလေးတွေက တစ်လှုပ်လှုပ်

သဘာဝကပေးတဲ့ တာဝန်ကလည်း

အဆက်မပြတ်

ဖြတ်သန်းသွားသမျှ

အရိပ်ကလေးတွေကို

အရင်းခံတည်ငြိမ်သော မျက်ဝန်းတစ်စုံနဲ့ 

ကြည့်နေလေရဲ့ ။

  • အမုန်းတရားမရှိ

ဂုဏ်ပကာသနမမက်

မာနမဖက်

ဦးတည်ရာကိုသာ ရွေ့ နေတယ်။

  • ပြီးဆုံးခြင်းမရှိတဲ့ သူ့ ခရီးမှာ

ထာဝရအဖော်ဆိုတာလဲ

မရှိခဲ့ပါဘူး။

  • ရှေ့ ဆက်နေတဲ့ သူ့ ရဲ့ ခရီး

ဘယ်သူက တားဆီးနိုင်ပါ့

တံတိုင်းတွေပဲတားတား

နံရံတွေပဲခြားခြား

ပင်လယ်ရေကုန်အောင် သောက်မယ်ဆိုတဲ့

ဘီလူးတွေပဲရှိရှိ……

  • မှောင်နေတဲ့ သန်းခေါင်မှာလဲ

သူသွားနေတယ်။

ပူပြင်းတဲ့ နေမင်းအောက်မှာလဲ

ထီးမပါဘဲ သူရှိနေတယ်။

  • မိုးကြီးလေကြီးကျလည်း သူမမှု

ကြောက်လန့် စရာကြုံလည်း သူမငို

တစ်ခါတစ်ခါ….

ဂီတသံချိုလေးနဲ့ တောင် ဖြေဖျော်လိုက်ရဲ့ ။

  • အံ့သြရလောက်အောင်

ဦးနှောက်ရှိတဲ့ မြစ်ကလေး

ယုံကြည်ဖို့ ခဲယဉ်းလောက်အောင်

နှလုံးသားရှိတဲ့ မြစ်ကလေး

ဒါကိုတော့ သူ့ ရင်ခွင်မှာ

ဖြတ်သန်းဖူးတဲ့အရာတိုင်းက

သိကြမှာပါ..။

  • တစ်ခါတစ်ရံ

ရင်ခွင်ထဲကို တိုးဝင်လာတတ်တဲ့

ဗျိုင်းဖြူလေးတွေ…

တစ်ခါတစ်ရံ

ရင်ခွင်ထဲက ထွက်ပြေးတတ်တဲ့

ဗေဒါလေးတွေ…။။

  • ဘာပဲဖြစ်ဖြစ်

မြစ်ကလေးက သိနေတယ်

တစ်နေ့ မှာတော့

ကိုယ်ရောက်ရှိရာ ဒေသတွေမှာ

မပျော်တော့တဲ့အခါ

သူ့ ရင်ခွင်ကို ပြန်လာပြီး

အိပ်စက်နားနေကြဦးမယ်ဆိုတာပေါ့…။

ရည်မွန်

2 comments:

Anonymous said...

ညီမလေး ဆီဗုံးထဲမှာ ရေးလို့ မရလို့ သတိရကြောင်း ဒီမှာလာပြောတာပါ

Anonymous said...

ဟုတ်တယ်ဗျ၊ ကျွန်တော်လည်း ရေးလို့မရဘူး၊ အဲဒါနဲ့ ဒီမှာပဲ ရေးလိုက်တယ်။ ကဗျာတွေ အများကြီး၊ အားရစရာပဲ။