ညရင်ခုန်သံ
ဘာရယ်မသိ အတွေးလွန်နေရင်
မင်းက တိုးညှင်းတဲ့အသံနဲ့ 
ငါ့ကို ခြောက်ခြားစေတယ်။
တစ်ခါတစ်လေ အိပ်မပျော်တဲ့အခါ
မင်းက ပုံပြင်တွေ ပြောနေသလို
သီချင်းတွေ ဆိုပြနေသလို
ငါ့ဆီကို ရောက်ရောက်လာတယ်။။
ဂယောင်ခြောက်ခြား
လန့် နိုးမိရင်လည်း
မင်းက ငါ့ကို ပြောင်ချော်ချော်နဲ့ 
စနောက်နေတတ်တယ်။
တကယ်တော့
မင်းဟာ ငါ့အတွက် မရှိမဖြစ်ဆိုလည်း
မမှားဘူးလေ။
ညရယ်….
မင်းနှိပ်စက်ပုံက
သာယာလွန်းတယ်………။
ထက်ရည်မွန်အိ
2 comments:
အရမ်းကောင်းတဲ့ ကဗျာလေးပါ ။ကျွန်တော်အရမ်းကြိုက်တယ်. ကျွန်တော်တော့ မရေးနိုင်တော့ဘူး မရည်မွန်ရေ
အရမ်းကောင်းတဲ့ ကဗျာလေးပါ ။ကျွန်တော်အရမ်းကြိုက်တယ်. ကျွန်တော်တော့ မရေးနိုင်တော့ဘူး မရည်မွန်ရေ
Post a Comment