တိမ်တိုက်ငယ်ရဲ့ မှတ်တမ်း
တိမ်တိုက်ငယ်တစ်ခု လွင့်မျောနေလေရဲ့ ။
တစ်ခါတစ်လေ ကစင့်ကလျားနဲ့ 
ပြန့် ကျဲသွားတတ်တယ်။
တစ်ခါတစ်လေ ကြယ်နဲ့ လတွေကို ဖုံးအုပ်ထားတယ်။
တစ်ခါတစ်လေ မျက်မှောင်ကုတ်လို့ 
အလင်းအုပ်ထားတယ်။
တစ်ခါတစ်လေ ပူလောင်တဲ့ နေမင်းကို
ကာကွယ်ပေးပြန်တယ်။
တစ်ခါတစ်လေ သည်းကြီးမည်းကြီး
အငြိုးကြီးစွာ ခုန်ဆင်းလာတယ်။
ဒါပေမဲ့…….လေပြင်းဝှေ့ လိုက်ရုံနဲ့ 
သူမှာလွင့်မျောရရှာတယ်။
ရည်မွန်
3 comments:
hay are u broekn heart :P
ဟုတ်ပါဘူးနော်။ကွဲသေးဘူး။လိုသေးတယ်။
မထက်ရည်မွန်အိရေ - အစ်မရဲ့ “ စဉ်းစားရင်းနဲ့ ကုန်လွန်ခြင်း ” ကဗျာနဲ့ “to my ambitiom ” ကဗျာ ၂ ပုဒ်ကို Myanmar Blog Book အတွက် စာမူအနေနဲ့တင်ပေးပြီးပါကြောင်း။
Mr.Pooh @ on duty of MM Blog Book.
Post a Comment