Welcome To My Blog
Welcome To My Blog
 

ထက် ရည် မွန် အိ ရဲ့ ကဗျာ နှင့် အိပ် မက် များ


Sunday, June 24, 2007

မမေ့ပါနဲ့ 

လမ်းတစ်ခု

တူတူလျှောက်လို့ 

သူရယ်..ငါရယ်..မင်းရယ်

ယောင်္ကျားရယ်…မိန်းမရယ်

အဖိုးရယ်…အဖွားရယ်

အဖေရယ်…အမေရယ်

လက်ချင်းတွဲလို့ ပေါ့…။

လမ်းတစ်ဖက်က အ၀င်

လမ်းတစ်ဝက်က အစ

လမ်းအဆုံးက အနီး

ရုတ်တရက် အမှောင်ဝင်လာခိုက်

တစ်ယောက်နဲ့ တစ်ယောက် ခြေထိုးခံ

မလုပ်ကြပါနဲ့ ……သွေးသားတွေပါ.။

သံသယတွေကို ဖယ်

လက်ချင်းတွဲယှက်လို့ 

ဆက်ကြစို့ ဦး ချစ်ဆွေတို့ ရယ်……..။

ရည်မွန်

2 comments:

Anonymous said...

ရည်မွန်ဟာ အသက်ငယ်သော်လည်း အတွေးကြွယ်ပြီး လှပတဲ့ ကဗျာလေးတွေကို ဖန်တီးနိုင်သူပါ။ အမ အမြဲအားပေးပါတယ်ညီမ။ ရင့်ကျက်တည်ငြိမ်တဲ့ စာဆိုရှင်အကျော်အမော်တစ်ယောက် ဖြစ်လာပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

YeeMon said...

ကျေးဇူးတင်ပါတယ် မမအိမ့်ရေ..ရည်မွန်လည်း ကြိုးစားဆဲပါ..အခုလို ကွန်မန့် ပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်....