သစ်ပင်စိုက်ခြင်း
-သစ်ပင်တွေဟာဖြင့် ခေတ်မီကြတယ်
သူတို့ လိုပဲ ကမ္ဘာမြေကို ငါပေါင်းတော့မလို့ 
သူတို့ ဟာ တံတွေးမထွေးဘူး
(၂၄)နာရီလုံး စုပ်ယူတယ်
ခံမပြောဘူး ခံယူပစ်တယ်
ဆန်းသစ်တယ်။
-သူတို့ ဆိုတဲ့တွေးတွေ အမြဲစိမ်းလန်းတယ်။
တို့ နဲ့ ကြမ္မာတူတာတွေလည်း
ငါမြင်မိရဲ့ …
သင်းသတ်တာမျိုး
တောရှင်းခံရတာမျိုးတွေပေါ့။
မတတ်နိုင်ဘူးလေ
ထင်းဖြစ်လည်း ဖြစ်ပစေတော့
သစ်ပင်တွေလိုပဲ
ကမ္ဘာမြေကို ငါပေါင်းတော့မယ်။
AMT
မော်လမြိုင်ထောင်အမှတ်တရ
3 comments:
သိပ်ကောင်းတဲ့ကဗျာလေးပါ။ ခုလိုတင်ထားတဲ့အတွက် ကျေးဇူးပါပဲ-
ဒီကဗျာလေး သိပ်ခံစားစရာပဲ ။ တင်ပေးတာ ကျေးဇူး ညီမရည်မွန် ။ နောက်ထပ်ရှိရင် တင်ပေးပါဦး
ရှိသေးတယ်။ရှာတော့ရှာရမယ်လေ။ပိုင်ရှင်ဆီက ခွင့်ပြုချက် ကတော့ ရပြီးသားတွေပါပဲ။
Post a Comment